'' မပေးနိုင်ဘူး အေ ။ ရှိလည်း မရှိဘူး ။ မကျေနပ်ရင်..ငါ့နို့သာ..စို့သွားလိုက်တော့ ....ကဲ..''

အေမက.
အထည်ကြွေး တောင်းခိုင်းလိုက်လို့..
မဘုမတို့ အိမ်ကို ရောက်ခဲ့တာ..

'' မဘုမေရ..မဘုမ ''

'' ဟဲ့..ဘယ်သူတုန်း ။ တံခါး စေ့ထားတယ်.. တွန်းပြီး ဝင်ခဲ့..''

အထဲက မဘုမအသံကြောင့်
ကျတော်လည်း တံခါးကို အသာ တွန်းဖွင့်ရင်း အိမ်ထဲ ဝင်လိုက်တယ်

'' ဟင် ''

အိမ်ထဲမှာ
မဘုမက သူ့ရဲ လသားအရွယ် ကလေးငယ်လေးကို နို့တိုက်နေတာ..
တိုက်တာမှ..ရင်သား နှစ်ခုလုံး ဖော်ပြီး
တိုက်နေတာ..😁

'' ပြွတ်..ပြွတ်..''( ကလေး နို့စို့သံ)

မဘုမက ကျတော့်ကို မြင်တော့..

'' ဪ..ငချွန်ပါလား ။ ဘာလဲ..မင်းအမေ အထည်ကြွေး တောင်းခိုင်းလိုက်ပြန်ပြီလား ''

ကျတော်လည်း
မမြင်အပ်တာတွေ.. မမြင်ရအောင်
အကြည့်လွှဲပြီး ပြန်ပြောရတယ်

'' ဟုတ်တယ်.. အမေက ပေးဖြစ်အောင် ပေးလိုက်ပါ တဲ့ ။ အရမ်း ကြာနေပြီ တဲ့ ''

'' ပြွတ်..ပြွတ် ''

မဘုမ..ကလေးနို့တိုက်ပုံက
ပေါင်ပေါ်က ကလေးကို
ရထား စီးသလို လှုပ်ပေးပြီး နို့တိုက်နေတာ..
အဲ့တော့..
ကလေး စို့နေတဲ့ အလုံးက ငြိမ်နေပေမဲ့
တစ်လုံးက လှုပ်နေတာပေါ့..
(ဪ..ငါ့နှယ် ဘာတွေ သွား ရှင်းပြနေမိပါလိမ့် 😁)

'' မောင်လေးရယ်..မင်းအမေကို ဟိုတစ်နေ့ကလည်း.. အစ်မ ပြောလိုက်ပါတယ် ။ အဆင်မပြေသေးလို့ပါ လို့..အစ်မတို့မှာ..တကယ် ကျပ်တည်းနေလို့ပါ ''

'' ကျပ်တည်းတာတော့..အားလုံး ကျပ်တည်း ကြတာပဲလေ အစ်မရယ် ။ ကျတော်တို့လည်း..မရှိလို့ လုပ်စားတာလေ။ အစ်မ မပေးနိုင်ရင် အစကတည်းက မယူနဲ့ပေါ့ဗျာ ။ အခုက သုံးလတောင် ရှိနေပြီလေ ''

'' ပြွတ်..ပြွတ် ''

'' အမလေးဟယ်..ပြောတတ်လိုက်တာ..ယောက်ျားလေးမို့.. တော်ရော့တယ် ''

မဘုမက
မျက်နာတည် မျက်နာထားနဲ့ မဲ့ရွဲ့ပြီး
ပြောတော့..ကျတော်လည်း စိတ်တိုသွားတယ်..

'' ပြွတ်..ပြွတ် ''

'' ဒီမှာ..ပြွတ်ပြွတ်...အဲလေ ဟုတ်ပါဘူး ရှလွတ်..။ ဒီမှာ မဘုမ .။အပိုတွေ မပြောနဲ့ဗျာ ။ အခု အထည်ကြွေးကို ပေးမှာလား..မပေးဘူးလား.. ဒါပဲပြော...''

ထိုအခါ
မဘုမက..
ဂရုမစိုက်တဲ့ဟန်နဲ့ ပြန်ပြောလိုက်ပုံက..

'' မပေးနိုင်ဘူး အေ ။ ရှိလည်း မရှိဘူး ။ မကျေနပ်ရင်..ငါ့နို့သာ..စို့သွားလိုက်တော့ ....ကဲ..''

'' ဂျာ.. ''

😁😁😁😁😁😁

#လူချွန်တော်
Credit

Comments