ဒီမြောင်းကို_ရှင်ကျော်နိုင်ပါ့မလားတဲ့

#ဒီမြောင်းကို_ရှင်ကျော်နိုင်ပါ့မလားတဲ့
*************************
တစ်​ခါတုန်းက
တစ်​နယ်​ရပ်​ခြားဆီက
အပျို ကြီးတစ်​​ယောက်​နဲ့
လူပျို ကြီးတစ်​​ယောက်​ဟာ
ခရီးသွားရင်း ရင်းနှီးခဲ့ကြတယ်​။

သွားရမယ့်​ခရီးကလဲတူ​နေ​တော့
စကား​ပြောရင်း အတူနားရင်း
ခရီးဆက်​ခဲ့ကြသတဲ့။

ည​နေရီမိုးချူ ပ်​တဲ့အခါ 
ရောက်​တဲ့အရပ်​​ဒေသက
နယ်​မြို့​လေးတစ်​မြို့မှာ
ခရီးတစ်​​ထောက်​နားရင်း
အိပ်​စက်​ဖို့အတွက်
တည်းခိုရမယ့်​​နေရာလိုက်​ရှာတဲ့အခါ
ရှားရှားပါးပါး
တစ်​​ယောက်​အိပ်​ခန်းတစ်​ခန်းသာ
ကျန်​​တော့တဲ့ တည်းခိုခန်းတစ်​ခုကိုပဲ
တွေ့သတဲ့ ...
မတက်​နိုင်​တဲ့အဆုံး
အဲဒီ့အခန်းမှာပဲ
နှစ်​​ယောက်​အိပ်​ဖို့အတွက်
ဆုံးဖြတ်​ခဲ့ကြရတယ်​။

.

အခန်းကကျဉ်းပြီး
ကုတင်​မပါတဲ့ တည်းခိုခန်းထဲမှာ 
စောင်​ပါး​လေးတစ်​ထည်​နဲ့ 
ခေါင်းအုံးတစ်​လုံးကိုအလယ်​မှာချပြီး
လူပျို ကြီးနဲ့ အပျို ကြီးဟာ
ဘယ်​လူးညာလှိမ့်​နဲ့
ညဉ့်​နက်​တဲ့အထိအိပ်​မ​ပျော်ကြပါဘူး။

လူပျို ကြီးရဲ့
သက်​ပြင်းချသံ​တွေကိုလဲ
အပျို ကြီးတစ်​​ယောက်
ရင်​တုန်​​အောင်
ကြားရလိမ့်​မယ်​ထင်​ပါတယ်​။

အဲဒီအချိန်​မှာပဲ
လူပျို ကြီးက
အိပ်​ရာက​နေထလိုက်​ပါတယ်​။
( အပျို ကြီးနဲနဲလန့်သွားတယ်ထင်ရဲ့ )
စောင်​ပါး​လေးကိုအသာယူပြီး
နှစ်​​ယောက်​ကြားမှာ
ခန်းစီးသ​ဘောမျိုး
ကာထားလိုက်​တယ်​။
______________________________________
#စည်းခြားလိုက်တဲ့သဘောမျိုးထင်ပါရဲ့။
______________________________________

ဒီလိုနဲ့ မိုးလင်းခဲ့ပါတယ်​။
သူတို့နှစ်​​ယောက်​ဟာ
စကားတစ်​ခွန်းမှ မဆိုကြပဲ
ကိုယ့်​အထုပ်​ကိုယ်​ဆွဲပီး
ခရီးဆက်​ခဲ့ကြပြန်​ပါတယ်​။

ခရီးအ​တော်​အတန်​​ရောက်​တဲ့အခါ
ငါး​ပေ​လောက်​အကျယ်​ရှိတဲ့
ရေ​မြောင်းတစ်​ခုဟာ
သူတို့ရဲ့ခရီးကို
ကန့်​လန့်​ဖြတ်​ပီးတားထားတယ်​။
အနီးဝန်းကျင်​မှာလဲ
တံတားအဖြစ်​အသုံးပြု စရာ
ဘာမှမရှိ​လေ​တော့
လူပျို ကြီးက
ဒီ​ရေ​မြောင်းကို
ခုန်​ကူးပီးတခြားဘက်​​ရောက်​မှ
အပျို ကြီးကူးဖို့
တံတားထိုးစရာတစ်​ခုခုရှာမယ်​​ပေါ့ ...

အဲဒီ့လိုစိတ်​ကူးနဲ့
ပါလာတဲ့အထုပ်​ကို
အပျို ကြီးကို​ပေး
ခါး​တောင်းကျိုက်​ပြီး
ခုန်​ပြီးကူးမယ်​ဟန်​ပြင်​တုန်း
တစ်​လမ်းလုံးစကားတစ်​ခွန်းမှ မ​ပြောပဲ
အခုမှထေ​ပြာတဲ့
အပျို ကြီးရဲ့စကား​ကြောင့်
ကိုလူပျို ကြီး ဖင်​ထိုင်​လဲကျသွားပါတယ်​။

အ ပျို ကြီး ​ပြောလိုက်​တာက.....
.

.

.

.

.

ညတုန်းက 
စောင်​ပါး​လေးကို​တောင်​မ​ကျော်နိုင်​ပဲ
ဒီ​မြောင်းကို ရှင်​​ကျော်နိုင်​ပါ့မလားတဲ့᠌᠌᠌ ... ᠌᠌

တိန်😃အံ့သြဘ
ဖင်ထိုင်လဲကျသွားတဲ့လူပျိုကြီး ကိုတင်ညွန့်ဖြစ်သွားတာပေါ့ကွယ်😃😃😃

#Credit

Comments