ရန်ကုန်သားတွေ နယ်ခရီးထွက်ပုံ ပြောပြမယ်
ရန်ကုန်သားတွေ နယ်ခရီးထွက်ပုံပြောပြမယ်
ရန်ကုန်က ထွက်ပီဆိုတာနဲ့ ဖေ့စ်ဘုတ်မှာ ကိုယ်သွားမယ့် နယ်မှာ ဖရန့် ဘယ်သူရှိလဲ မေးတာပဲ။ နေပြည်တော်မှာ ဘယ်သူ ရှိကြတုန်း၊ ဘာတုန်း ညာတုန်း။
အဲလို မဟုတ်လည်း ဖုန်းလှမ်းဆက်တာ။ ဘယ်အချိန်ရောက်မယ်။ ဘာမှ ထူးထူးထွေထွေ လုပ်မထားနဲ့ ဆိုပဲ။ (အဲဒါ တခုခု လုပ်ထားပေးဆိုတာနဲ့ အတူတူပဲ)
ဟော၊ ရောက်လည်း ရောက်ရော ကျွေးသမျှ မွေးသမျှ သွားဖြဲ နဖြဲ စားပြီး အရှက်ပြေ
ဘာပြောမှတ်တုန်း။ ကမန်းကတန်းထွက်လာလို့ ဘာလက်ဆောင်မှ ဝယ်မလာနိုင်ဘူးဆိုပဲ။
ပီးရင် ရန်ကုန်ပြန်ဖို့ မိတ်ဆွေတွေဆီ ဘာလက်ဆောင် ဝယ်သွားရမလဲတဲ့။ (အဲဒါ မသိလို့ မေးတာမဟုတ်။ အိမ်ရှင်က အားနာပြီး ဝယ်ပေးအောင်)
အားနာလို့များ လက်ဆောင်ပစ္စည်း လိုက်ဝယ်မပေးနဲ့။ အားနာလိုက်တာဆိုပီး မျှစ်ချဉ် နောက်တထုပ် အိမ်ဖို့ ယူရမလား လုပ်တာ
ရန်ကုန် ကိုယ်ကများ ပြန်အလည်သွားမယ် မတွေးနဲ့။ ဖုန်းဆက်တာတောင် အင်တင်တင်ရယ်။ နယ်တုန်းက ဖေါ်ရွေခဲ့သမျှတွေ ဘယ်ရောက်ကုန်မှန်းမသိ။
မကောင်းတတ်ရင် ပြန်မယ့်ရက် မှန်းပီး ဖုန်းဆက်ပြပါ့မယ်။ မအားလို့ဘာ ဆိုပြီး
ငိုးမ ရန်ကုန်သား လူလည်တွေ 😎
Credit Original Writer

Comments
Post a Comment