ဝိပသနာသမားနှင့်ရီးစားထားမိသောအခါ
ဝိပသနာသမားနှင့်ရီးစားထားမိသောအခါ
ကျမမှာ ရည်းစားတစ်ယောက် ရှိခဲ့ဘူးတယ်။
နာမည်က ကိုမျိုးကြီး တဲ့...
fb ကပဲ တွေ့တာပါ၊
လူပုံက ရိုးပုံရိုးလက်နဲ့ ယဉ်ယဉ်မွန်မွန်ပါပဲ
သူက လာ add တာရှင့်...
သူ့ profile က လပြည့်နေ့ဘုရားပေါ်မှာရိုက်ထားတဲ့ပုံလေးနဲ့
ပန်းလေးကိုင် ယောပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့
acc ကလည်းအစစ်မို့ကျမလည်း လက်ခံလိုက်မိတယ်၊
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားစာတွေ share တယ်
ဆုံးမစာတွေ share တယ်
သံဝေဂစာတွေ တင်တယ်ဆိုတော့
အော်...ရုပ်ရည်လေး သနားကမားလေး
ဘာသာတရား ကိုင်းရှိုင်း
ဘုန်းကြီးလည်း တနှစ်တခါ ဝတ်တယ်ဆိုတော့
ကြွေပြီလေဆိုပြီး တိတ်တိတ် crush မိတာပေါ့..
နောက်ပိုင်းသူနဲ့ကျမ cb ကစကားတွေ ဘာတွေပြောရင်း
ချစ်သူတွေ ဖြစ်သွားကြရောပေါ့ရှင်..
ချစ်သူဖြစ် အဖြေပေးပြီးနောက်ပိုင်းလည်း cb ကစကားပြောတော့ယဉ်ယဉ်ကျေးကျေးပဲ...
တနေ့တော့ ကျမတို့တွေ့ရအောင်ဆိုပြီး
ချိန်းကြတယ်..
ကျမလည်း လှလှတွေပြင်ပြီး
ရင်တွေလည်း ဖလန်းဖလန်း ဂျလန်းဂျလန်းပေါ့
ကဲ..တွေ့ပါပြီရှင်...
ကိုယ်တော်ချော...
ထိုင်ပြီး စကားလေးဘာလေးပြော..
ရီရီမောမောနဲ့ ကျမနားကိုကပ်လာတယ်..
ဒန် တန့် တန် ပေါ့နော်...
ဒိန်း တပ် တပ် ဒိန်း ပေါ့...
"လက်လေး ကိုင်ကြည့်ချင်တယ်"
"အို..အကိုကလည်း"
ကျမလည်း ရင်တွေခုန်တာပေါ့ရှင်
"အော်..လှကြည်ရယ် လက်ကလေးက
အပေါ်ယံ အရေပြား တထောက်စာသာ
လှနေပေမယ့် အောက်မှာတော့
သွေးတွေ အကြောတွေနဲ့ ရွံစရာကြီးပါ..
မီးရှို့ရင် ဒီလက်တွေက ကောက်ကွေးပြီး
မဲပြာကုန်မှာနော်..."
"အမ်...ဘာတွေပြောနေတာလဲ
နိမိတ်မရှိ နိမာမရှိ အကိုရယ်..."
"ပြောပြတာပါ လှကြည်ရယ်.."
"ကိုယ်လုံးလေးက သေးသေးလေးနော် လှကြည်
ခါးလေးက သေးသေးလေး တပ်မက်စရာပဲ..
ဒီအသုဘခန္ဓာကိုယ်မှာ မကြည့်တတ်ရင်တော့
တဏှာစိတ်ရိုင်းတွေ ဝင်တတ်ကြတယ်လှကြည်ရယ်
အကိုလည်း ဝင်မိနေပြီ"...တဲ့
"ဟမ်..ဘာတွေပြောနေတာလဲ
ဘယ်က အသုဘလဲ ဘာတဏှာစိတ်ရိုင်းလဲ
အကိုရယ် စကားကို ကောင်းကောင်းပြောပါ"
"တွေးမိတာ ပြောတာပါ လှကြည်ရဲ့.."
သူက ပြောလည်းပြော
ကျမကိုလည်း ဆွဲဖက်လိုက်တယ်။
ကျမလည်း သူ့ရင်ခွင်ထဲ ရောက်သွားတာပေါ့
သူက ကျမကို အတင်းနမ်းတယ်..
"မွှေးလိုက်တာ လှကြည်ရယ်.." တဲ့
ကျမလည်း ရင်တွေခုန်နေတာပေါ့..
"ရင်တွေခုန်နေလား လှကြည်" တဲ့
"အင်း...ခုန်နေသလိုပဲ အကို.."လို့ပြောတော့
"သတိလက်မလွတ်စေနဲ့ လှကြည်
ကာမစိတ်ရိုင်းတွေ ဝင်မလာခင်
အတွေ့အထိကို အသိနဲ့ဖြတ်ပါ" တဲ့...
"ဘာ...ရှင်.. ရှင်ဘာတွေပြောနေတာလဲ"
"မဟုတ်ပါဘူး ပုထုဇဉ် လူသားတွေအတွက်
ကာမဂုဏ် ခံစားတတ်တာကို သတိရမိလို့ပါ
လှကြည်ရယ်..."
"ဟယ်...ဘာကာမဂုဏ်လဲ အကိုရယ်
ဒုက္ခပါပဲ.."
"လှကြည်ကို အကိုတကယ်ချစ်တာလားဟင်"
ကျမ မေးရတာပေါ့..မဖြစ်တော့ဘူးလေ..
မိန်းမတို့မာယာနဲ့သူ့ကို ချွဲရတော့မယ်
နှုတ်ခမ်းလေးစူပြီး စူးရှထက် အသံမျိုးလေးနဲ့..
"ချစ်တာပေါ့ လှကြည်ရယ်..
လှကြည်ရော အကို့ကို တပ်မက်လား"
"ဟမ်..ဘာကို တပ်မက်ရမှာတုန်း
စကားတွေက ဘယ်လိုတွေပြောနေတာလဲ"
"ဟုတ်တယ်လေ ချစ်တယ်ဆိုတာ
တပ်မက်တာဘဲပေါ့ လှကြည်ရယ်
သူတော်ကောင်းတွေမှာရှိတဲ့ မေတ္တာကမှ
အေးချမ်းတာ.."
"ကဲ..ဟုတ်ပါပြီ အကိုရယ်..ထားပါတော့
ကျမ ဘုန်းကြီးတစ်ပါးရဲ့ တရားတွေလာနာနေရသလိုပဲ.."
"မင်း မျက်လုံးလေးတွေ သိပ်လှတယ်
အကို့ကို ကြည့်စမ်း လှကြည်"
သူနဲ့ကျမ အကြည့်ခြင်းဆုံ
ရင်တွေခုန်..ဟီဟိ..
အဲဒီအချိန်မှာဘဲ သူ့မျက်နှာက ကျမမျက်နှာနားကို
ကပ်လာပြီး တိုးတိုးလေးပြောတယ်
"သိပ်လှလွန်းတယ် လှကြည်ရယ်" တဲ့...
ကဲ.. ကျမ ရင်တွေခုန်လိုက်တာ
တကိုယ်လုံး ကတုန်ကရင်တွေ ဖြစ်လာတာ..
အာခေါင်တွေလည်း ခြောက်လာတယ်..
"ကြားရဲ့လား လှကြည်..
အပေါက်က ခံစားလို့ရရဲ့လား" တဲ့
"ဟမ်.. ဘာ...ဘာ..ဘာအပေါက်လဲ
ဘာတွေပြောနေတာလဲ"
"မျက်စိလေ လှကြည်ရဲ့ မျက်စိကနေအကို့ကိုမြင်ပြီး
နားပေါက်ကနေ အကိုပြောတဲ့ စကားတွေကို
ခံစားမိလားလို့ တရားသဘောအရ ခန္ဓာကိုယ်ရဲ့
ဒွါရ ကိုးပေါက်စလုံးက အပုပ်ရည်တွေ ကျဆင်းနေကြတာလေ၊
လှကြည်ရဲ့အပေါက်ရော
အကို့ရဲ့အပေါက်ပါ..ပါ..ပါ.."
"ဖြန်း..." (ပါးချသံ)
"ရှင် မိုက်ရိုင်းလှချည်လား ဟင်
ရည်းစားနဲ့လာ date ပါတယ်
ကာမတွေရော အပေါက်တွေရော
တပ်မက်တာတွေရော တဏှာတွေရော...
ဘာတွေလည်း မသာကောင်ကြီး...
ရှင် ရူးနေတာလား ဟမ်
ကျမအဖွား တရားခွေဖွင့်ထားရင်း
ထိုင်နာတာတောင် ခုလောက်တရားမရဘူး..ကျမပြန်မယ်"
"ဒေါသတွေ ကြီးလှချည်လား လှကြည်ရယ်
ပါးရိုက်လိုက်တဲ့ အချိန်မှာ ဒေါသတွေ ထွက်
အကို့ကို စိုးပိုးဆက်ပက် (အဲ..) ပိုးစိုးပက်ဆက်
ပြောနေတဲ့အခါမှာ ဖရုဿဝါစာတွေထွက်နဲ့
မင်းဟာ စိတ်ဆင်ရိုင်းကို အသိဥာဏ်ချွန်းနဲ့
အုပ်လို့မရတဲ့ ဘီလူးမ တစ်ကောင်လိုပါလား "
"ဘာ....."
"ဖြန်း..."(ပါးထပ်ရိုက်သံ)
"ထပ်ပြောစမ်း..ထပ်ချမှာ ...ဟင်
ကျမကို ဘာမှတ်နေလည်း
အရင်ခေတ်က လက်ပက်နီအဖွဲ့ဝင် ကျမက..
ကျမအဖေက အရင်က လက်ပက်နီခေါင်းဆောင်
ရှင့်လောက်ကတော့ ဂုတ်ကနေဆွဲပြီး
လွှင့်ပစ်လိုက်လို့ရတယ်..ထပ်ပြောကြည့်စမ်း.."
"မ..မ..ပြောတော့ပါဘူး
လှကြည်ရယ်..အကိုမင်းကိုချစ်လို့ပါ.."
"တိတ်စမ်း..စောက်ရူးကောင်...
အလကားကောင်...
ဖီးလ်မယ်ကြံလိုက် ရိုက်ချလိုက်...
ro မယ်ရှိသေး တောက်ချလိုက်နဲ့...
ရိုလာကိုစတာ စီးနေရသလိုပဲ၊
တာ့တာပဲ..ရှင်နဲ့ကျမ ပြတ်ပြီ
စောက်ပေါကောင်...
fb မှာလည်း block လိုက်ပြီ
နောက်လည်း လာမပတ်သက်နဲ့တော့.."
"လှကြည် သဘောပါ..
အကိုကတော့ ရေစက်ပါလာတယ် ထင်ပြီး
ပျော်လိုက်ရတာ..
ရှေးဘဝက ဆုတောင်းတွေပြည့်ပြီ
ငါ့အတွက် ပါရမီဖြည့်ဖက် ရပြီဆိုပြီး
မနောပီတိ ဂွမ်းဆီထိနေခဲ့ရတာ
အခု ဥပေက္ခာပြုတော့မှာပေါ့...
ရပါတယ် အကိုကျေနပ်ပါတယ်..
ပါးရိုက်ခံရတာကိုလည်း ဝဋ်ကြွေးလို့ သတ်မှတ်ပါတယ်၊
အကိုအပြစ်မယူဘူး ခွင့်လွှတ်ပါတယ်.."တဲ့
အဲလိုနဲ့ပဲ ကျမ ရည်းစားနဲ့ လမ်းခွဲခဲ့ပါတယ်
First date, First cut ပဲရှင့်...
သူ့ fb ကိုလည်း block ထားလိုက်တယ်
ဖုန်းတွေရော viber ရော အကုန် block ထားလိုက်တယ်
ကျမမှားလား သူမှားလား
ရှင်တို့ပဲ ဆုံးဖြတ်ကြည့်
ခုလိုပုံဆို မင်္ဂလာဦးညမှာတင်
ကျမတခါထဲ တရားရသွားနိုင်တယ်လေ...
အံမယ် ဒင်းက
အဲ့နေ့က စတေးတပ်စ် တင်ထားသေးတယ်
ကျမ နောက် acc တစ်ခုနဲ့ဝင်ကြည့်တာ..
" ဝဋ်ကြွေးရှိရင် ကျေအောင်ဆပ်ကြပါ"တဲ့
feeling so sad တဲ့...မသာကောင်က
ရှင်တို့လည်း ကျမလိုဖြစ်မယ်
သတိထားကြ...
:P
:P
.Credit
ကျမမှာ ရည်းစားတစ်ယောက် ရှိခဲ့ဘူးတယ်။
နာမည်က ကိုမျိုးကြီး တဲ့...
fb ကပဲ တွေ့တာပါ၊
လူပုံက ရိုးပုံရိုးလက်နဲ့ ယဉ်ယဉ်မွန်မွန်ပါပဲ
သူက လာ add တာရှင့်...
သူ့ profile က လပြည့်နေ့ဘုရားပေါ်မှာရိုက်ထားတဲ့ပုံလေးနဲ့
ပန်းလေးကိုင် ယောပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့
acc ကလည်းအစစ်မို့ကျမလည်း လက်ခံလိုက်မိတယ်၊
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားစာတွေ share တယ်
ဆုံးမစာတွေ share တယ်
သံဝေဂစာတွေ တင်တယ်ဆိုတော့
အော်...ရုပ်ရည်လေး သနားကမားလေး
ဘာသာတရား ကိုင်းရှိုင်း
ဘုန်းကြီးလည်း တနှစ်တခါ ဝတ်တယ်ဆိုတော့
ကြွေပြီလေဆိုပြီး တိတ်တိတ် crush မိတာပေါ့..
နောက်ပိုင်းသူနဲ့ကျမ cb ကစကားတွေ ဘာတွေပြောရင်း
ချစ်သူတွေ ဖြစ်သွားကြရောပေါ့ရှင်..
ချစ်သူဖြစ် အဖြေပေးပြီးနောက်ပိုင်းလည်း cb ကစကားပြောတော့ယဉ်ယဉ်ကျေးကျေးပဲ...
တနေ့တော့ ကျမတို့တွေ့ရအောင်ဆိုပြီး
ချိန်းကြတယ်..
ကျမလည်း လှလှတွေပြင်ပြီး
ရင်တွေလည်း ဖလန်းဖလန်း ဂျလန်းဂျလန်းပေါ့
ကဲ..တွေ့ပါပြီရှင်...
ကိုယ်တော်ချော...
ထိုင်ပြီး စကားလေးဘာလေးပြော..
ရီရီမောမောနဲ့ ကျမနားကိုကပ်လာတယ်..
ဒန် တန့် တန် ပေါ့နော်...
ဒိန်း တပ် တပ် ဒိန်း ပေါ့...
"လက်လေး ကိုင်ကြည့်ချင်တယ်"
"အို..အကိုကလည်း"
ကျမလည်း ရင်တွေခုန်တာပေါ့ရှင်
"အော်..လှကြည်ရယ် လက်ကလေးက
အပေါ်ယံ အရေပြား တထောက်စာသာ
လှနေပေမယ့် အောက်မှာတော့
သွေးတွေ အကြောတွေနဲ့ ရွံစရာကြီးပါ..
မီးရှို့ရင် ဒီလက်တွေက ကောက်ကွေးပြီး
မဲပြာကုန်မှာနော်..."
"အမ်...ဘာတွေပြောနေတာလဲ
နိမိတ်မရှိ နိမာမရှိ အကိုရယ်..."
"ပြောပြတာပါ လှကြည်ရယ်.."
"ကိုယ်လုံးလေးက သေးသေးလေးနော် လှကြည်
ခါးလေးက သေးသေးလေး တပ်မက်စရာပဲ..
ဒီအသုဘခန္ဓာကိုယ်မှာ မကြည့်တတ်ရင်တော့
တဏှာစိတ်ရိုင်းတွေ ဝင်တတ်ကြတယ်လှကြည်ရယ်
အကိုလည်း ဝင်မိနေပြီ"...တဲ့
"ဟမ်..ဘာတွေပြောနေတာလဲ
ဘယ်က အသုဘလဲ ဘာတဏှာစိတ်ရိုင်းလဲ
အကိုရယ် စကားကို ကောင်းကောင်းပြောပါ"
"တွေးမိတာ ပြောတာပါ လှကြည်ရဲ့.."
သူက ပြောလည်းပြော
ကျမကိုလည်း ဆွဲဖက်လိုက်တယ်။
ကျမလည်း သူ့ရင်ခွင်ထဲ ရောက်သွားတာပေါ့
သူက ကျမကို အတင်းနမ်းတယ်..
"မွှေးလိုက်တာ လှကြည်ရယ်.." တဲ့
ကျမလည်း ရင်တွေခုန်နေတာပေါ့..
"ရင်တွေခုန်နေလား လှကြည်" တဲ့
"အင်း...ခုန်နေသလိုပဲ အကို.."လို့ပြောတော့
"သတိလက်မလွတ်စေနဲ့ လှကြည်
ကာမစိတ်ရိုင်းတွေ ဝင်မလာခင်
အတွေ့အထိကို အသိနဲ့ဖြတ်ပါ" တဲ့...
"ဘာ...ရှင်.. ရှင်ဘာတွေပြောနေတာလဲ"
"မဟုတ်ပါဘူး ပုထုဇဉ် လူသားတွေအတွက်
ကာမဂုဏ် ခံစားတတ်တာကို သတိရမိလို့ပါ
လှကြည်ရယ်..."
"ဟယ်...ဘာကာမဂုဏ်လဲ အကိုရယ်
ဒုက္ခပါပဲ.."
"လှကြည်ကို အကိုတကယ်ချစ်တာလားဟင်"
ကျမ မေးရတာပေါ့..မဖြစ်တော့ဘူးလေ..
မိန်းမတို့မာယာနဲ့သူ့ကို ချွဲရတော့မယ်
နှုတ်ခမ်းလေးစူပြီး စူးရှထက် အသံမျိုးလေးနဲ့..
"ချစ်တာပေါ့ လှကြည်ရယ်..
လှကြည်ရော အကို့ကို တပ်မက်လား"
"ဟမ်..ဘာကို တပ်မက်ရမှာတုန်း
စကားတွေက ဘယ်လိုတွေပြောနေတာလဲ"
"ဟုတ်တယ်လေ ချစ်တယ်ဆိုတာ
တပ်မက်တာဘဲပေါ့ လှကြည်ရယ်
သူတော်ကောင်းတွေမှာရှိတဲ့ မေတ္တာကမှ
အေးချမ်းတာ.."
"ကဲ..ဟုတ်ပါပြီ အကိုရယ်..ထားပါတော့
ကျမ ဘုန်းကြီးတစ်ပါးရဲ့ တရားတွေလာနာနေရသလိုပဲ.."
"မင်း မျက်လုံးလေးတွေ သိပ်လှတယ်
အကို့ကို ကြည့်စမ်း လှကြည်"
သူနဲ့ကျမ အကြည့်ခြင်းဆုံ
ရင်တွေခုန်..ဟီဟိ..
အဲဒီအချိန်မှာဘဲ သူ့မျက်နှာက ကျမမျက်နှာနားကို
ကပ်လာပြီး တိုးတိုးလေးပြောတယ်
"သိပ်လှလွန်းတယ် လှကြည်ရယ်" တဲ့...
ကဲ.. ကျမ ရင်တွေခုန်လိုက်တာ
တကိုယ်လုံး ကတုန်ကရင်တွေ ဖြစ်လာတာ..
အာခေါင်တွေလည်း ခြောက်လာတယ်..
"ကြားရဲ့လား လှကြည်..
အပေါက်က ခံစားလို့ရရဲ့လား" တဲ့
"ဟမ်.. ဘာ...ဘာ..ဘာအပေါက်လဲ
ဘာတွေပြောနေတာလဲ"
"မျက်စိလေ လှကြည်ရဲ့ မျက်စိကနေအကို့ကိုမြင်ပြီး
နားပေါက်ကနေ အကိုပြောတဲ့ စကားတွေကို
ခံစားမိလားလို့ တရားသဘောအရ ခန္ဓာကိုယ်ရဲ့
ဒွါရ ကိုးပေါက်စလုံးက အပုပ်ရည်တွေ ကျဆင်းနေကြတာလေ၊
လှကြည်ရဲ့အပေါက်ရော
အကို့ရဲ့အပေါက်ပါ..ပါ..ပါ.."
"ဖြန်း..." (ပါးချသံ)
"ရှင် မိုက်ရိုင်းလှချည်လား ဟင်
ရည်းစားနဲ့လာ date ပါတယ်
ကာမတွေရော အပေါက်တွေရော
တပ်မက်တာတွေရော တဏှာတွေရော...
ဘာတွေလည်း မသာကောင်ကြီး...
ရှင် ရူးနေတာလား ဟမ်
ကျမအဖွား တရားခွေဖွင့်ထားရင်း
ထိုင်နာတာတောင် ခုလောက်တရားမရဘူး..ကျမပြန်မယ်"
"ဒေါသတွေ ကြီးလှချည်လား လှကြည်ရယ်
ပါးရိုက်လိုက်တဲ့ အချိန်မှာ ဒေါသတွေ ထွက်
အကို့ကို စိုးပိုးဆက်ပက် (အဲ..) ပိုးစိုးပက်ဆက်
ပြောနေတဲ့အခါမှာ ဖရုဿဝါစာတွေထွက်နဲ့
မင်းဟာ စိတ်ဆင်ရိုင်းကို အသိဥာဏ်ချွန်းနဲ့
အုပ်လို့မရတဲ့ ဘီလူးမ တစ်ကောင်လိုပါလား "
"ဘာ....."
"ဖြန်း..."(ပါးထပ်ရိုက်သံ)
"ထပ်ပြောစမ်း..ထပ်ချမှာ ...ဟင်
ကျမကို ဘာမှတ်နေလည်း
အရင်ခေတ်က လက်ပက်နီအဖွဲ့ဝင် ကျမက..
ကျမအဖေက အရင်က လက်ပက်နီခေါင်းဆောင်
ရှင့်လောက်ကတော့ ဂုတ်ကနေဆွဲပြီး
လွှင့်ပစ်လိုက်လို့ရတယ်..ထပ်ပြောကြည့်စမ်း.."
"မ..မ..ပြောတော့ပါဘူး
လှကြည်ရယ်..အကိုမင်းကိုချစ်လို့ပါ.."
"တိတ်စမ်း..စောက်ရူးကောင်...
အလကားကောင်...
ဖီးလ်မယ်ကြံလိုက် ရိုက်ချလိုက်...
ro မယ်ရှိသေး တောက်ချလိုက်နဲ့...
ရိုလာကိုစတာ စီးနေရသလိုပဲ၊
တာ့တာပဲ..ရှင်နဲ့ကျမ ပြတ်ပြီ
စောက်ပေါကောင်...
fb မှာလည်း block လိုက်ပြီ
နောက်လည်း လာမပတ်သက်နဲ့တော့.."
"လှကြည် သဘောပါ..
အကိုကတော့ ရေစက်ပါလာတယ် ထင်ပြီး
ပျော်လိုက်ရတာ..
ရှေးဘဝက ဆုတောင်းတွေပြည့်ပြီ
ငါ့အတွက် ပါရမီဖြည့်ဖက် ရပြီဆိုပြီး
မနောပီတိ ဂွမ်းဆီထိနေခဲ့ရတာ
အခု ဥပေက္ခာပြုတော့မှာပေါ့...
ရပါတယ် အကိုကျေနပ်ပါတယ်..
ပါးရိုက်ခံရတာကိုလည်း ဝဋ်ကြွေးလို့ သတ်မှတ်ပါတယ်၊
အကိုအပြစ်မယူဘူး ခွင့်လွှတ်ပါတယ်.."တဲ့
အဲလိုနဲ့ပဲ ကျမ ရည်းစားနဲ့ လမ်းခွဲခဲ့ပါတယ်
First date, First cut ပဲရှင့်...
သူ့ fb ကိုလည်း block ထားလိုက်တယ်
ဖုန်းတွေရော viber ရော အကုန် block ထားလိုက်တယ်
ကျမမှားလား သူမှားလား
ရှင်တို့ပဲ ဆုံးဖြတ်ကြည့်
ခုလိုပုံဆို မင်္ဂလာဦးညမှာတင်
ကျမတခါထဲ တရားရသွားနိုင်တယ်လေ...
အံမယ် ဒင်းက
အဲ့နေ့က စတေးတပ်စ် တင်ထားသေးတယ်
ကျမ နောက် acc တစ်ခုနဲ့ဝင်ကြည့်တာ..
" ဝဋ်ကြွေးရှိရင် ကျေအောင်ဆပ်ကြပါ"တဲ့
feeling so sad တဲ့...မသာကောင်က
ရှင်တို့လည်း ကျမလိုဖြစ်မယ်
သတိထားကြ...
:P
:P
.Credit
Comments
Post a Comment