ပိုင်လိုက်တဲ့ ဆရာ
ပိုင်လိုက်တဲ့ ဆရာ
=============
ဆေးတက္ကသိုလ် တစ်ခုမှာ ခန္ဓာဗေဒ အကြောင်း
သင်ပြရာ၌ အသင်အပြ အလွန်ကောင်းတဲ့
ဆရာတစ်ယောက်ရှိတယ် ။
အဲ့ဒီဆရာဟာ စာသင်တဲ့အခါမှာ
ဥပမာ အပေးကလည်းကောင်း ၊ ရယ်စရာ လေးတွေလည်း
ကြားညှပ်သင်တတ်လို့ ကျောင်းသားတွေက သဘောကျ ကြပေမယ့်
သူ့ရယ်စရာတွေက တခါတလေ ညစ်တီး ညစ်ပတ်တွေ
ပါတတ်လို့ ကျောင်းသူတွေကတော့ သဘောမကျ ကြပါဘူး ။
တစ်ခါတော့...ကျောင်းသူအားလုံးဟာ ဆရာကို ဆန္ဒပြ
ဖို့ သူတို့အချ င်းချ င်း ညှိနှိုင်းထားကြပါတယ် ။
" ဒီတစ်ခါ အဲ့ဒီဆရာ မဟုတ်က ဟုတ်ကတွေပြောရင်
သူ့အချိန်မှာ ငါတို့အားလုံး အတန်းပြင် ထွက်ကြမယ် "
....ဆိုပြီး ကျောင်းသူတွေ သဘောတူထား ကြတာပေါ့ ။
ဒီသတင်းကို ဆရာကလည်း ဘယ်က ဘယ်လိုသိသွား
လည်း မသိဘူး....
" သောက် ကလေးတွေ..ငါက သူတို့ စာသင်ရင်း
မပျ င်းရအောင် ကြံဖန်စဉ်းစား ပြောနေတာကို..
ဒင်း တို့ကများ အတန်းပြင် ထွက်မယ်လေး ဘာလေးနဲ့
ဟင်း...ဟင်း..ထွက်ကြပစေ..တွေ့ကြသေး တာပေါ့ကွာ... "
ဆရာလည်း စိတ်ထဲက ကြုံးဝါးမိတယ် ။
နောက်တစ်နေ့ ဆရာအတန်းဝင်တဲ့အခါ...စာသင်ကြား
နေရင်း ထုံးစံအတိုင်း အရွှန်းဖောက် ပါတော့တယ်....။
" ခုတလော ရန်ကုန်မှာ ပြည့်တန်ဆာလုပ်ငန်း အရမ်း
တွင်ကျ ယ်နေတယ် သတင်းကြားတယ်ကွဲ့...
မြန်မာပြည် တစ်နံတစ်လျားက မိန်းကလေးတွေ
ရန်ကုန်ကို သွားကုန်ကြပြီတဲ့ ..."
ဆရာက စကား စ,လိုက်ရုံဘဲရှိသေးတယ်..။ ကျောင်းသူ
အားလုံးဟာ ညှိထားကြတဲ့အတိုင်း အတန်းပြင်ကို ထွက်
လိုက်ကြတာ တစ်တန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတာပေါ့ ။
အဲ့ဒိအချိန်မှာပဲ ဆရာပြောလိုက်တဲ့စကားကြောင့်
ကျောင်းသူလေး တွေခမျာ အယောင်ယောင် အမှားမှားနဲ့
ခြေလှမ်းတွေတောင် မှားကုန်ကြတော့သတဲ့..
" ဟဲ့...ဟဲ့...သိပ်လည်း မလောကြနဲ့လေ..
ဖြည်းဖြည်း သွားလည်းရပါတယ်..
အနည်းဆုံး ဂိတ်သိမ်းကားတော့ ညည်းတို့ မှီပါတယ်အေ့..."
"ရှမ်.."
😜😜😜
ဖိုးစိန်လေး
Credit

Comments
Post a Comment