ဆားပုလင်းနှင်းမောင်နှင့် အမည်ပေါ်သော်လည်း တရားခံ မရှိသော အမှုဆန်းကြီး"



"ဆားပုလင်းနှင်းမောင်နှင့် အမည်ပေါ်သော်လည်း
တရားခံ မရှိသော အမှုဆန်းကြီး"

တစ်နေ့တစ်၌ နာမည်ကျော်
အင်းစိန်စီအိုင်ဒီဝင်းအတွင်း
အင်္ဂလိပ်မင်းကြီး မစ္စတာ ကရစ်ပင်သည်
စားပွဲအား တဘုံးဘုံးဖြင့် အသံမြည်အောင်ထုကာ

"ဘလယ်ဒီဖူး… သောင်ရူးတွေ…
ယူအော အာ ဒန်းကီး…
ဘာမှသုံးစားမရတဲ့ မြည်းသတ္တဝါတွေ…
အိုး ဘုရားသခင်… ကမ္ဘာနှစ်ခြမ်း ကွဲသွားရင်
ကျွန်ုပ်ကို ဒီပုလိပ်စုတ်တွေ
မရှိတဲ့ဘက်ကိုသာ ပို့ပေးပါတော့"

ဟူ၍ မြည်တွန်တောက်တီး၍ နေလေသည်။
ထို့နောက် မျက်နှာကို တညီတညာတည်း ငယ်ထားသော ပုလိပ်များအား
လက်ညှိုးငေါက်ငေါက်ထိုးရင်း

"မောင်မင်း လူကလေး အောင်မြင့်…
မီတာဘေလ်တွေတက်လို့
တိုင်းပြည်ဆူပွက်နေတဲ့ ကေ့စ်ကို
ဘယ်လိုလုပ်ထားလဲ…"

"သက်ဆိုင်ရာ ဒီဗီးရှင်းအလိုက်
ခါတိုင်းထက်ပိုပြီး မီးဖြတ်ထားလိုက်ဖို့
ညွှန်ကြားချက် ထုတ်ခိုင်းထားပါတယ် မင်းကြီး…
အာ့မှ မီတာခ အရမ်းမတက်တော့မှာ…"

"အိုး ရှစ်ထ်  အာ့ကြောင့် ကျွန်ုပ်ရုံးခန်းက ပန်ကာ
မလည်တစ်ချက် လည်တစ်ချက်နဲ့
ကျွန်ုပ် မိတ်ဖုတွေ ပေါက်လာတာ…
မောင်မင်းတို့ အသုံးမကျပုံနဲ့တော့ ဒီပုံတိုင်းဆို
အင်ဂလန်ကို ဖင်လှန် ပြန်ရတော့မှာပဲ"

ထို့နောက် မစ္စတာ ကရစ်ပင်သည်
ကျောက မိတ်ဖုကို လက်နဲ့ နှစ်ချက်ခန့် ကုတ်လိုက်ကာ
အိုင်ပီကိုကိုကြီးကို မျက်ထောင့်နီဖြင့် စိုက်ကြည့်ပြီး

"မောင်မင်း လူကလေး ကိုကိုကြီး…
တလောက ဖုဘောက် ကေ့စ်ကို
ဘယ်လိုကိုင်တွယ်ထားလဲ"

အိုင်ပီ ကိုကိုကြီးသည် တံတွေးတစ်ချက် မျိုချကာ…

" ဒီလိုလုပ်ထားပါတယ် မင်းကြီး…
ဖုဘောက်ထဲက မုန့်တွေကို
မသမာသူတွေ မယူနိုင်အောင်
ဖုဘောက်အနီးမှာ တွမ်တီဖိုးအာဝါ ကင်းချထားပြီး
လှူထားသမျှ မုန့်တွေ အကုန်သိမ်းလို့
ဆင်းရဲနွမ်းပါးသူတွေကို လိုက်ဝေဖို့
စီစဉ်ထားပါတယ် မင်းကြီး…"

မင်းကြီး ကရစ်ပင်ထံက "အိုး ရှစ်ထ်"ဟူသည့်စကားကို
အားလုံး စောင့်ဆိုင်းနေကြစဉ်

~ ဟူ ဟူး ဟူ ~ ဟူး ဟူး ဟူး ~

ဆိုသည့် အသံကြီးသည် ရုတ်တရက် ထွက်ပေါ်လာရာ
ရုံးခန်းအတွင်းရှိ လူများပင် ထခုန်မိတော့၏။

ကရစ်ပင် - " အိုး မိုင် ဂေါ့ထ် … ဘာသံလဲ မောင်မင်းတို့"

ကိုကိုကြီး - " မီးပြန်လာလို့ မင်းကြီးဖွင့်ထားတဲ့ အခွေပွင့်လာတာပါ…
မစိုးရိမ်ပါနဲ့ မင်းကြီး…
အဲ့တာ တကျော့နှစ်ကျော့ သီချင်းပါ"

ထိုအခါမှ မစ္စတာ ကရစ်ပင်သည်
သက်ပြင်းကို ခပ်ဖွဖွချရင်း

"ဘုရားသခင်ရဲ့ ကျေးဇူးတော်ပေပဲ…
ဝင်းနားရတဲ့ ကောင်လေးသီချင်းသာ ဖွင့်ထားမိရင်
ကျွန်ုပ် လိပ်ပြာတွေ ဒီထက် ဖလိုင်းကုန်မှာပဲ…
ဒါနဲ့ ဟို မောင်မင်း လူကလေး
ဆားပုလင်းနှင်းမောင် တစ်ယောက်
ဘယ်ပျောက်နေလဲ…
အရေးအကြောင်းဆို သူက…"

ပုလိပ်မင်းကြီး၏ စကားမဆုံးခင်မှာပင်
ကျွန်ုပ်တို့၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်သည်
အနက်ရောင် ဘလေဇာ ကုတ်အကျီင်္ကို ဝတ်ကာ
သက္ကလပ်ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားပြီး
အင်မတန် ကြည့်ကောင်းလှသော
ခြေလှမ်းမျိုးဖြင့် အခန်းအတွင်းသို့ ဝင်လာပြီးလျှင်

"ဒီမယ် မစ္စတာ ကရစ်ပင်
ကျုပ်ကို ရှေ့တင်ဖြစ်ဖြစ် ကွယ်ရာဖြစ်ဖြစ်
လူကလေး ဆိုတဲ့ အသုံးနှုန်းကို
မသုံးစေချင်ဘူးလို့  ရီကွက်စ် လုပ်ထားတယ် မလား"

ဆားပုလင်းနှင်းမောင်ကို မြင်လိုက်ရာ
မင်းကြီး မစ္စတာကရစ်ပင်သည် လေသံကို အနည်းငယ်လျှော့ပြီး

"ဒီမယ် လူ… အဲလေ မောင်မင်း …
ဒီတိုင်းပြည်မယ် ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ သိသလား"

"ကျုပ်က ဖွဘုတ်မယ် ဆယ်လီဘရစ်တီးတွေ အကုန်လုံးကို ဆီးဖာ့ လုပ်ထားတာဗျ…
ခင်ဗျားထက် သိတယ် နားလည်လား…"

"သိရင် ဘာကိစ္စ ပျောက်နေတာလဲ"

"ခင်ဗျားကြီး မသိဘဲနဲ့ ရမ်းသမ်း မပြောနဲ့…
ကျုပ်က ဒီကေ့စ်ကို လိုက်နေတာဗျ"

ဟုဆိုပြီးလျှင် ကုတ်အကျီ င်္ အိတ်ထဲမှ
စာရွက်တစ်ရွက်ကို ကရစ်ပင် စားပွဲပေါ်သို့
လေယာဉ်ပျံ စက္ကူပုံခေါက်ပြီး
ပစ် ပေးလိုက်လေရာ ကရစ်ပင်မှာ
အပြေးအလွှား လိုက်ဖမ်းရတော့သည်။

ကျွန်ုပ်တို့သည် ဆားပုလင်းနှင်းမောင်၏
စွမ်းရည်သတ္တိကို များစွာအားကျသည့် မျက်လုံးများဖြင့် ကြည့်နေစဉ်

ကိုနှင်းမောင် ပစ်ပေးလိုက်သော စာရွက်ကို
မင်းကြီးကရစ်ပင်မှ ဖွင့်ကာ အသံထွက်ပြီး
"ရုံးရှေ့ကာကာဆိုင် … ၅၀၀ ပေးရန်…
အမ်ပီတီကဒ် ဘေအကြွေးဝယ်…"
ဟူသော အသံကြီး ထွက်လာလျှင်
ဆားပုလင်းနှင်းမောင်သည် မစ္စတာကရစ်ပင်လက်မှ
စာရွက်ကို ဖျတ်ခနဲ ဆွဲလုပြီး

"ဒီဘက်ကို ဖတ်" ဟုဆိုကာ
တစ်ဖက်စာမျက်နှာကို လှည့်ပေးလိုက်၏။

" နေပူတော်က သက်ငယ်မုဒိန်းမှု ကိစ္စပဲ…
မင်းတော်တယ်… မောင်နှင်းမောင်
ကျွန်ုပ် ဒီကေ့စ်ကို မောင်မင်းတို့ဆီက
အစီရင်ခံတာ စောင့်နေတာ…
စိတ်မချမ်းမြေ့စရာက မောင်မင်း လက်ရေးကို
ကျွန်ုပ် မဖတ်တတ်ဘူး…
ဒီအတိုင်းသာ ပြောပေတော့ မောင်မင်း"

ဆားပုလင်းနှင်းမောင်သည်
ရေခဲတောင် ဂလေစီယာ စီးကရက်ကို
အေးဆေးစွာ မီးညှိလိုက်ပြီး…

"ကလေးက ဘယ်သူလုပ်တာလို့ ပြောလဲ"

မစ္စတာ ကရစ်ပင်သည်  တည်ကြည်သော
ဆားပုလင်းနှင်းမောင်၏ အမေးကို မဆိုင်းမတွ ဖြေလေသည်။

"ကိုကို တဲ့"

"ကိုကိုက အဲ့ကျောင်းမှာ ဘယ်နှယောက် ရှိလဲ"

"…"

"ဘယ်သူလုပ်တာလဲ ကလေးကသိတယ်…
ဆရာမကလည်း သိတယ်…
မိဘတွေလည်း သိတယ်…
တစ်နိုင်ငံလုံးလည်း သိတယ်…"

မစ္စတာ ကရစ်ပင်သည်
မျက်လုံးကို ကလယ် ကလယ် လုပ်ကာ…
"အဲ့ဒါဆို ဘာလို့ ဒီလောက်ကြာတဲ့ထိ
ပုလိပ်တွေက မသိရတာလဲ"

ဟူ၍ မေးလေလျှင်
ဆားပုလင်းနှင်းမောင်သည်
အင်မတန် ပီသကြည်မြ
ဌာန်ကရိုဏ်းကျသာ လေသံဖြင့်

"ဖုန်ရှုလိုက်"

ဟု ဆိုကာ ၄င်းနေထိုင်ရာ
ဘိုးလိန်းလမ်း(ဗညားဒလလမ်း)မှာ
ဒီအချိန်မီးလာပြီဟုဆိုကာ
အမြန် ပြန်ချသွားလေတော့သည်။

သဗ္ဗေသတ္တာ ကမ္မသက္ကာ

#credit
#ရွှန်းမီမီထက်

Comments