မတရား မလုပ်နဲ့ ကျုပ်မကြိုက်ဘူး
မတရား မလုပ်နဲ့ ကျုပ်မကြိုက်ဘူး
------------------------------------------
လက်ကျန်ပုလင်းကို
ခါးကြားထိုးပြီး..လူတစ်ယောက်
ရဲစခန်း ရောက်လာခဲ့သည်။
"ကျနော်အမှုဖွင့်ဖို့ လာတာပါခင်ဗျ"
"အေးပြော..ဘယ်လောက်ပေးနိုင်လို့လဲ"
"ခင် ဗျာ.."
"သြော်..ဒီလိုပါ
အမှုကိစ္စနဲ့ ပတ်သတ်ပြီး
အချက်အလက်တွေ ဘယ်လောက်
ပေးနိုင်မလဲလို့ ပြောတာပါ"
အရက်နံ့တထောင်းထောင်းမို့်
ရဲအရာရှိဖြစ်သူကလည်း..
မတော်တဆပင်
ငွေစကားဆက်မပြောတော့ပါ။
"ပေးနိုင်ပါတယ်..ဒါကျနော့်ကို
သက်သက်စော်ကားတာပဲဗျ"
"အေးပါ..ဟုတ်ပါပြီ
ခင်ဗျားနာမည် စပြော..
ဘယ်မှာနေတယ်
ဘာအလုပ်လုပ်တယ်"
"ဟုတ်..နာမည်က
ဦးဘသိန်းပါ
အသက် ၅၁နှစ်
__မြို့ ( ×××× )
ဈေးအနားမှာ
နေထိုင်ပါတယ်..
ဟိုးအရင်က
ဈေးသန့်ရှင်းရေးဝန်ထမ်းပေါ့ "
"အင်း..ဆက်ပြောအုံး"
"မိန်းမ ဆုံးသွားတာတေါ့ကြာပြီ
သားသမီးတွေလည်း အရွယ်ရောက်
လုပ်ငန်းခွင်ဝင်ရောက်ကတည်းက
ကျနော်ဘာအလုပ်မှ
မလုပ်ဖြစ်တော့ဘူး"
သူ့ဟာသူ..ပြောလည်းပြော
အာခြောက်တာနဲ့ ခါးကပုလင်းကို
တစမ်းစမ်းပေါ့..ရဲအရှေ့မှာမို့
အောင့်အီးနေပုံ ရသည်။
"သြော်..ဟုတ်လား..
ဒါနဲ့..ခင်ဗျားအမှုဖွင့်မယ်ဆိုတာက"
"အကြည်ညို ပျက်စေမှုပါ ဆရာ"
"ဟိုက်..! ဗုဒ္ဓေါ..!!
ဘယ်လို ဘယ်လို
အကြည်ညို ပျက်စေမှု..
အဟုတ်ပဲလား??
"ဟုတ်ပါတယ်..ဆရာရယ်
ကျနော့်ဘာသာ..သားသမီးလစာ
ထိုင်စားနေရတာကို ပတ်ဝန်းကျင်က
အမြင်မကြည်ဘူးလေ..
ဆိုးတာဆိုလို့..
အကို့မိန်းမ ကျနော့်မရီး
ဆွဲကြိုး..တစ်ကြိမ်ခိုးဖူးတာရယ်
ပြီးတော့..အလစ်သုတ်မှုနဲ့
အချုပ်တစ်ခါနှစ်ခါ..
ကျဖူးတာရယ်
ဒါလောက်လေးပါဗျာ"
"သြော်..သြော်..ဒီလိုကိုး..
အခုအမှုဖွင့်မယ်ဆိုတာက"
"ဒီလိုဗျ..ဒီနေ့မနက်ပိုင်း
ကျနော့်သမီး..အလုပ်သွားချိန်
ကစ်ဖိုး နည်းနည်းတောင်းယူခဲ့တယ်
ပြီးတော့..တစ်ပုလင်းဝယ်
အိမ်ရှေ့ ကွန်းပျစ်မှာ
ငါးခြောက်ဖုတ်အမြည်းနဲ့
အေးဆေး ကစ်နေတာပေါ့"
"အင်း..ဆက်ပြော
"အဲဒီအချိန်မှာ...
အိမ်နားက ဒေါ်ပုမနဲ့
မစိန်ထားနှစ်ယောက်လေ
ဈေးကအပြန်..
ကျနော့်ကို ပါးစပ်နဲ့
စော်ကားလိုက်တယ်"
"ကြည့်စမ်း..မိုးမလင်းသေးဘူး
မူးနေပြန်ပြီတော့်
ရှာကျွေးရတဲ့ကလေးနှစ်ယောက်ကိုမှ
အားမနာ..မိသိန်းကြည်ရေ
နင်ဆုံးသွားတာ ကံကောင်း
ဝဋ်ကျွတ်သွားတာပဲမှတ်..တဲ့
လက်ကျောကို မတင်းတဲ့ယောကျာ်းတဲ့
အဲဒီလိုကျနော် ကြားအောင်
သက်သက် နှုတ်သရမ်းလိုက်တာ "
"ဟားးဟားး အဲဒါနဲ့
ခင်ဗျားဘက်က
မကျေနပ်ဘူးပေါ့ .? "
"ဘယ်ကျေနပ်မလဲ
ဒါသက်သက် ကျနော့်ကို
အကြည်ညိုပျက်အောင်
သိက္ခာ ချတာပဲ လေ"
"ဟားဟား.. ရီရတယ်
ကိုဘသိန်းရယ်..ခင်ဗျားပုံစံက
ကြည်ညိုစရာ တစ်ကွက်မှမရှိတာကိုး"
"ဝုန်း.." ခရင်းးး"
ထိုစကားကြောင့်
ဦးဘသိန်းကြီး ဒေါပွလေ၏၊
ဒါကြောင့် သူ့ပုလင်ကို
ရဲစားပွဲအောက်ခြေမှာ
ရိုက်ခွဲလိုက်ပြီးနောက်
အောက်ပါအတိုင်း
ပြောချလိုက်သည်
"ခင်ဗျား...မတရားမလုပ်နဲ့ဗျ
ရဲဆိုပြီး ကျုပ်ကြောက်မယ်
ထင်သလား..?
ခုခေတ်မှာ ကြည်ညိုစရာ
တစ်ကွက်မရှိလည်း
အကြည်ညိုပျက်စေမှု
အ မှု ဖွင့်လို့ရတယ်ဆိုတာ
တစ်နိုင်ငံလုံး သိတယ်နော်"
"မတရား မလုပ်နဲ့ ကျုပ်မကြိုက်ဘူး"
# holuu
# Kaung Myat
via-ဦးဆွေ
------------------------------------------
လက်ကျန်ပုလင်းကို
ခါးကြားထိုးပြီး..လူတစ်ယောက်
ရဲစခန်း ရောက်လာခဲ့သည်။
"ကျနော်အမှုဖွင့်ဖို့ လာတာပါခင်ဗျ"
"အေးပြော..ဘယ်လောက်ပေးနိုင်လို့လဲ"
"ခင် ဗျာ.."
"သြော်..ဒီလိုပါ
အမှုကိစ္စနဲ့ ပတ်သတ်ပြီး
အချက်အလက်တွေ ဘယ်လောက်
ပေးနိုင်မလဲလို့ ပြောတာပါ"
အရက်နံ့တထောင်းထောင်းမို့်
ရဲအရာရှိဖြစ်သူကလည်း..
မတော်တဆပင်
ငွေစကားဆက်မပြောတော့ပါ။
"ပေးနိုင်ပါတယ်..ဒါကျနော့်ကို
သက်သက်စော်ကားတာပဲဗျ"
"အေးပါ..ဟုတ်ပါပြီ
ခင်ဗျားနာမည် စပြော..
ဘယ်မှာနေတယ်
ဘာအလုပ်လုပ်တယ်"
"ဟုတ်..နာမည်က
ဦးဘသိန်းပါ
အသက် ၅၁နှစ်
__မြို့ ( ×××× )
ဈေးအနားမှာ
နေထိုင်ပါတယ်..
ဟိုးအရင်က
ဈေးသန့်ရှင်းရေးဝန်ထမ်းပေါ့ "
"အင်း..ဆက်ပြောအုံး"
"မိန်းမ ဆုံးသွားတာတေါ့ကြာပြီ
သားသမီးတွေလည်း အရွယ်ရောက်
လုပ်ငန်းခွင်ဝင်ရောက်ကတည်းက
ကျနော်ဘာအလုပ်မှ
မလုပ်ဖြစ်တော့ဘူး"
သူ့ဟာသူ..ပြောလည်းပြော
အာခြောက်တာနဲ့ ခါးကပုလင်းကို
တစမ်းစမ်းပေါ့..ရဲအရှေ့မှာမို့
အောင့်အီးနေပုံ ရသည်။
"သြော်..ဟုတ်လား..
ဒါနဲ့..ခင်ဗျားအမှုဖွင့်မယ်ဆိုတာက"
"အကြည်ညို ပျက်စေမှုပါ ဆရာ"
"ဟိုက်..! ဗုဒ္ဓေါ..!!
ဘယ်လို ဘယ်လို
အကြည်ညို ပျက်စေမှု..
အဟုတ်ပဲလား??
"ဟုတ်ပါတယ်..ဆရာရယ်
ကျနော့်ဘာသာ..သားသမီးလစာ
ထိုင်စားနေရတာကို ပတ်ဝန်းကျင်က
အမြင်မကြည်ဘူးလေ..
ဆိုးတာဆိုလို့..
အကို့မိန်းမ ကျနော့်မရီး
ဆွဲကြိုး..တစ်ကြိမ်ခိုးဖူးတာရယ်
ပြီးတော့..အလစ်သုတ်မှုနဲ့
အချုပ်တစ်ခါနှစ်ခါ..
ကျဖူးတာရယ်
ဒါလောက်လေးပါဗျာ"
"သြော်..သြော်..ဒီလိုကိုး..
အခုအမှုဖွင့်မယ်ဆိုတာက"
"ဒီလိုဗျ..ဒီနေ့မနက်ပိုင်း
ကျနော့်သမီး..အလုပ်သွားချိန်
ကစ်ဖိုး နည်းနည်းတောင်းယူခဲ့တယ်
ပြီးတော့..တစ်ပုလင်းဝယ်
အိမ်ရှေ့ ကွန်းပျစ်မှာ
ငါးခြောက်ဖုတ်အမြည်းနဲ့
အေးဆေး ကစ်နေတာပေါ့"
"အင်း..ဆက်ပြော
"အဲဒီအချိန်မှာ...
အိမ်နားက ဒေါ်ပုမနဲ့
မစိန်ထားနှစ်ယောက်လေ
ဈေးကအပြန်..
ကျနော့်ကို ပါးစပ်နဲ့
စော်ကားလိုက်တယ်"
"ကြည့်စမ်း..မိုးမလင်းသေးဘူး
မူးနေပြန်ပြီတော့်
ရှာကျွေးရတဲ့ကလေးနှစ်ယောက်ကိုမှ
အားမနာ..မိသိန်းကြည်ရေ
နင်ဆုံးသွားတာ ကံကောင်း
ဝဋ်ကျွတ်သွားတာပဲမှတ်..တဲ့
လက်ကျောကို မတင်းတဲ့ယောကျာ်းတဲ့
အဲဒီလိုကျနော် ကြားအောင်
သက်သက် နှုတ်သရမ်းလိုက်တာ "
"ဟားးဟားး အဲဒါနဲ့
ခင်ဗျားဘက်က
မကျေနပ်ဘူးပေါ့ .? "
"ဘယ်ကျေနပ်မလဲ
ဒါသက်သက် ကျနော့်ကို
အကြည်ညိုပျက်အောင်
သိက္ခာ ချတာပဲ လေ"
"ဟားဟား.. ရီရတယ်
ကိုဘသိန်းရယ်..ခင်ဗျားပုံစံက
ကြည်ညိုစရာ တစ်ကွက်မှမရှိတာကိုး"
"ဝုန်း.." ခရင်းးး"
ထိုစကားကြောင့်
ဦးဘသိန်းကြီး ဒေါပွလေ၏၊
ဒါကြောင့် သူ့ပုလင်ကို
ရဲစားပွဲအောက်ခြေမှာ
ရိုက်ခွဲလိုက်ပြီးနောက်
အောက်ပါအတိုင်း
ပြောချလိုက်သည်
"ခင်ဗျား...မတရားမလုပ်နဲ့ဗျ
ရဲဆိုပြီး ကျုပ်ကြောက်မယ်
ထင်သလား..?
ခုခေတ်မှာ ကြည်ညိုစရာ
တစ်ကွက်မရှိလည်း
အကြည်ညိုပျက်စေမှု
အ မှု ဖွင့်လို့ရတယ်ဆိုတာ
တစ်နိုင်ငံလုံး သိတယ်နော်"
"မတရား မလုပ်နဲ့ ကျုပ်မကြိုက်ဘူး"
# holuu
# Kaung Myat
via-ဦးဆွေ
Comments
Post a Comment