လက်ဦးဆရာ

လက်ဦးဆရာ
-----------------
“မောင်မောင် … သားဖေဖေက ဘာအလုပ်လုပ်သလဲ”

“သားဖေဖေက ဆရာဝန်ကြီးပါ”

“တော်လိုက်တာ … ခင်ခင် … သမီးဖေဖေရော ဘာလုပ်သလဲ”

“သမီးဖေဖေက စာတိုက်မှာ စာတိုက်ဗိုလ်ကြီးပါ”

“ကောင်းတယ် … မောင်ခင် … သားဖေဖေရော ဘာလုပ်သလဲ”

“သားဖေဖေက ဖာတန်းမှာ မယ်ဒလင်တီးတဲ့ အလုပ်ကို လုပ်ပါတယ်ဆရာမ”

ဆရာမက မျက်လုံးပြူးသွားသည်။ အလုပ်အကိုင်များအကြောင်းကို ဆက်မေးရန် မဖြစ်နိုင်တော့သဖြင့် အခြားခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်သည်။

“ပထဝီစာအုပ်ထုတ်ကြကွယ်”

ညနေကျောင်းဆင်းချိန်တွင် ဆရာမက လိပ်စာအတိုင်း မောင်ခင်တို့အိမ်ကို ရောက်လာသည်။

“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ”

“ကျွန်မ မောင်ခင်ရဲ့ ဆရာမပါရှင်”

“သြော် … ကြွပါ … ကြွပါ … ဆရာမရယ် … ဘာကိစ္စများလဲ”

“လူကြီးမင်းရှင့် ကိုယ့်သားသမီးကို ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သက်ပြီး အချို့ကိစ္စတွေမှာ အမှန်အတိုင်း အပြည့်အစုံ အသိပေးဖို့ မသင့်ဘူး ထင်ပါတယ်”

“ဘာကြောင့်လဲ ဆရာမရယ်”

“လူကြီးမင်း သားက သူ့အဖေဟာ ဖာတန်းမှာ မယ်ဒလင်တီးတယ်လို့ အတန်းထဲမှာ ပြောပါတယ်။ အဲဒီလို ပြောတော့ ကောင်းသေးလား။ တကယ်ဆိုရင် ဖာတန်းဆိုတာကို ကလေးကို ထည့်မပြောပြသင့်ပါဘူး”

“ဆရာမရယ် ခက်တော့တာပဲ … ဒီကောင့်ကို ကျွန်တော် တရားသူကြီးပါဆိုတာ ဘယ်လိုမှကို သင်လို့ မရတော့ပါလားနော်”

“ရှင်”

(My daddy plays mandolin in a whorehouse)

တင်ညွန့်

၉.၇.၂၀၁၉

Comments