ယောကျာင်္းကကြောင်နဲ့တူသတဲ့
မယောင်~~~~
"ဟာ ဒီယောကျာ်းကလဲ တစ်မှောင့်"
မယောင်~~~~~
"ယောကျာ်းရေ ငါမှာကျွေးစရာမရှိဘူး"
ကိုအွပ်တ်က အံ့သြသွားတယ်။
သူက ဧည့်ခန်းထဲမှာ စာဖတ်နေတာကိုး။
သူ့မိန်မ ဘယ်သူ့ကို ယောကျာ်းလို့ခေါ်နေတာပါလိမ့် ဆိုပြီး...
မီးဖိုထဲ အသာလေး ချောင်းကြည့်လိုက်တော့ မိဝါက ပြတင်းပေါက်နားက ကြောင်ကို ယောင်းမနဲ့ရွယ်ပြီး..
"ယောကျာ်းရေ ဒီနေ့ ငါ့အိမ်မှာ အသားဟင်းမချက်ဘူး
ကျွေးစရာ အရိုးလဲမရှိဘူး သွားတော့"
"မသာမ နင်က ဖောက်ပြန်နေတယ်ပေါ့ အင့်ဟာ!!! အင့်ဟာ!!!"
ကိုအွပ်တ်လဲ မပြောမဆို ဂေါက်တံဖြင့် မိယွန်းအား ရိုက်လိုက်တယ်။
"!!!!အမလေး သေပါပြီတော်..အမလေး....!!"
"နင်က ငါရှိနေရက်နဲ့ ကြောင်ထီးတောင်မချန် ဖောက်ပြန်နေတာပေါ့"
"အီးဟီးဟီး....မဟုတ်ပါဘူးရှင်...."
"ဒါဆိုနင်က ဘာလို့ ကြောင်ကို ယောကျာ်းလို့ ခေါ်နေတာလဲ"
"အဟီး...ဟီး.....မဟုတ်လို့လား.... အီးဟီး..."
"ဘာ!!!"
"အီးဟီးဟီး....ရှင်တို့ယောကျာ်းတွေက ကြောင်နဲတူတာပဲကို"
"အန်!!"
"ရှင်တို့ယောကျာ်းတွေက ကြောင်တွေလို တောင်းတုန်းက တညောင်ညောင်နဲ့ မရမချင်းတောင်းတယ်...
ရလဲ ရပြီးရော အနံ့ပဲခံပြီး ပစ်ထားတော့တာပဲကို...အီးဟီးဟီး"
ဟိုက်စကိုက်
အော်....ခင်ဝင့်ဝါရယ် နင့်ဆီက ချစ်တယ်ဆိုတဲ့ အဖြေရပြီးလို့ ကလေးတောင် ၁၃ယောက်ရှိနေပြီပဲလေ ဘာလိုသေးဟာ...။
နောလေ..
😁😁😁
Original by ###အွပ် တ်

Comments
Post a Comment