သင်တန်း
ဒေါင်းဇားတဲ့
လန်ထွက်နေတာ
😁😁
သင်တန်း
အဲ ဘာသင်တန်းလည်းတော့မမေးနဲ့ သူတောင်းစား သင်တန်း
တောင်းစားပုံ တောင်းစားနည်းတွေကို အခြေခံကျကျ သင်ကြားပေးနေတဲ့သင်တန်းပေါ့
ဆရာဖြစ်သူက ကျောင်းသားတယောက်ကိုလက်ညိုးထိုးပီး ပြောလိုက်တယ်
'' ဟေ့ ဟိုထောင့်က ပေစုပ်စုပ်နဲ့တယောက် ငါ့ ကို တောင်းပြစမ်း ''
'' ဗျာ ''
'' ဘာ ဗျာ လည်းကွ မင်းပြောနေတာ ''
'' အော် ဟုတ် ''
ပြောရရင်တော့ သူက သင်တန်းသားအသစ် သူတောင်းစားအသစ်ပေါ့ သင်တန်းရောက်စ ဆိုတော့ ဘာမှမသိသေးဘူးလေ
တောင်းပြစမ်းခိုင်းလို့သာ သူ တောင်းပြရမှာ
'' သနားကြပါ ... သနားကြပါ ''
သူ တောင်းပြပုံ က မာမာတောင့်တောင့်ကြီး အကြွေး တောင်းသလိုမျိုး
'' ဟာ ဟေ့ ကောင် မယားငယ်အိမ် အရက်ဖိုးတောင်းတယ် မှတ်နေလား
သနားအောင်တောင်းရတယ်ကွ ပြန်တောင်းပြစမ်း ''
ပြန်တောင်းပြစမ်း ဆိုတော့
'' သနားကြပါ ဗျာ သနားကြပါ ''
' ဗျာ ' တလုံးတော့ပို လာတယ်
ဒါပေမယ့် တောင်းပုံက ပါးစပ်ကသာပြောနေတာ ကျက် ထားတဲ့စာ ပြန်ပြနေသလိုမျိုး အချိုးကိုမကျဘူးလေ
''ဟာ ... မင်း ဒီစကားလေးတခွန်းကို သနားအောင် မပြောတက်ဘူးလား ဟင် ''
'' မေ့သွားလို့ပါ သူတောင်းစားကြီး ''
'' ဘာကြ ''
အသံက တခန်းလုံး ဟိန်းသွားတယ်
သူတောင်းစားကြီးဆိုတော့ ဆရာကြီး စိတ်အတော်တိုသွားပုံရတယ် ဒါပေမယ့် ဟုတ်တယ်လေ သူပြောတာလည်းမှန်သား သူတောင်းစားတွေ သင်ပေးမှတော့ သူတောင်းစားကြီးပေါ့
သင်တန်းသားအသစ်လည်းဖြစ်တော့ ဘယ်လိုခေါ်ရမယ်မသိဘူးလေ
အဲ့ဒါကြောင့် ခေါ်တက်သလို ခေါ်လိုက်ပုံရတယ်
'' မင်း ငါ့ ကို ဘယ်လိုခေါ်လိုက်တယ် ''
'' သူတောင်းစားကြီး ''
'' ခွက်ခုပ်ကြီး ပါကွ ဟာ..... ငါတောင်ယောင်ကုန်ပီ ''
'' ဟီးး ထင်သားပဲ ''
'' မင်းက သင်တန်းသားအသစ်လား ''
'' ဟုတ်ကဲ့ပါ သူတောင်းစာကြီး ''
'' ဟာ ဒီ ကောင် ခေါ်ပြန်ပီလား ငါ လုပ်လိုက်ရ နူသွားမယ် ကန်းသွားမယ် ဝဲဆွဲသွားမယ် ''
'' ဟီးဟီး ကျုပ်က ဘယ်လိုခေါ်ရမယ် မသိလိုပါဗျ ကျုပ်က တော က တက်လာတာဗျ သူငယ်ချင်းတွေ မြို့တက်တောင်းစားနေတာ အဆင်ပြေကြတယ်ဆိုလို့ အဲ့ဒါ မြို့တက်ပီး တောင်းစားမလို့ သင်တန်းလာတက်ရတာ ဒါနဲ့ ကျုပ်က ဘယ်လိုခေါ်ရမှာလည်းဗျ ''
'' မင်းခေါ် ချင်သလိုခေါ်ကွာ ဘယ်လိုကောင်လည်းမသိဘူး အူ ကြောင်ကြောင်နဲ့''
'' အဆို ကျောင်းသားတွေသင်ပေးတော့ ကျောင်းဆရာ တောင်းတဲ့ သူတွေသင်ပေးတော့ တောင်းဆရာပေါ့ ဗျာ ကောင်းဘူးလား''
'' တော်ပီ ဟေ့ကောင် ဆရာကြီး လို့ပဲခေါ် ထိုင်တော့ ဟို ကောင် တောင်းပြလိုက်စမ်းကွာ ''
ဆရာဖြစ်သူက သူတောင်းစားဟောင်းတယောက်ကို တောင်းပြခိုင်းလိုက်တယ်လေ
ဒီကောင်ကလည်း သူ့ပညာ ပြချင်ပုံရတယ် ချက်ချင်း ထပီး လက်ချောင်းလေးတွေကွေး ပါလာတဲ့ခွက်ရှေ့ချပီး
'' တနားကြပါ ဗျာ တနားကြပါ အကိုရို့ အစ်မရို့ ပေးမှ ကမ်းမှ ချားရမယ့် ဘဝပါ ''
တောင်းသွားလိုက်ပုံများ နှာသံလေးကို ဆင်းလို့ အဲလေ နှာသံလေးကို ပါလို့ မသိရင်တော့ နူနေတဲ့သူ တောင်းနေသလိုပေါ့
ဆရာကြီးက သဘောကျသွားပုံရတယ်
'' ကဲ တွေ့လား မင်းရှေ့က နောင်တော် ကြီးတောင်းသွားတာ ဘယ်လောက်တော်လည်း ဘွဲ့ရ သူတောင်းစားကျနေတာပဲ ''
'' တော်တယ်ဗျာ ကျုပ်တောင် သနားပီး ထည့်ချင်စိတ်ပေါက်သွားသလိုပဲဗျ ''
'' ဟဲ ဟဲ ငါ့ တပည့်ပဲ တော်မှာပေါ့ကွ မင်းလည်းနောက် သူလို တောင်းနိုင်အောင်ကြိုးစား ဟုတ်ပီလား ''
'' ဟုတ်ကဲ့ပါ ဆရာကြီးရဲ့ ကျုပ် ကြိုးစားမှာပါ ကျုပ်သာသူတောင်းစားဘဝ အောင်မြင်သွားရင် ဆရာကြီးကို မမေ့ပါဘူးဗျ ခွက်တလုံးနဲ့ ဂျိုင်းထောက်တခု ချက်ချင်းလာကန်တော့ပလိုက်မှာဗျ အဲ့ခါကျမှ ဆရာကြီး တောင်းစားဖို့သာပြင်ထား ''
'' ဟဲ့ ဟဲ့ အမလေး မကန်တော့ပါနဲ့တော့ ဗျာ တောင်းပန်ပါတယ် ငါ့ ဒီ အရွယ်ကြီး ရောက်မှ တောင်းမစားပါရစေနဲ့ တော့ကွာ ''
ဆရာကြီးက အကြောက်ကန် ငြင်းရှာတယ်
'' အော် ဆရာကြီးကလည်း ဆရာကြီး မတောင်းစားချင်ရင်လည်း ဆရာကြီးသားသမီးတွေ အဲလေ မှားလို့ ဆရာကြီးသင်တန်းမှာ အကောင်းဆုံးသူတောင်းစားတွေ ဆုပေးလို့ရတာပေါ့ ဗျ ဟဲ ဟဲ ''
ဒီသူတောင်းစားကို ဆက်ပြောနေရင်လည်း ဇာတ်လမ်းကပီးမှာမဟုတ်ဘူး
အဲဒါကြောင့်
''ကဲ ကဲ မောင်သူတောင်းစားတို့ ''
'' ဟာ ဂျာ မောင်ကျောင်းသားတို့ပါ ဆရာကြီးကလည်း''
'' ဟဲ့ မင်းတို့က ကျောင်းသားမှ မဟုတ်တာ သူတောင်းစားတွေလေ ''
'' အမ် ''
သူပြောတော့လည်း ဟုတ်သား
'' တကယ်တော့ သူတောင်းစား ဆိုတာ သူတပါးဆီက တောင်းရမ်းစားသောက်တာကွ သူခိုး ဓါးပြ လူလိမ်တွေ လို ခိုးစား လုစား လိမ်စားတာ မဟုတ်ဘူး ''
'' ဟုတ် ''
'' တောင်းသူရှိတော့ လှူ တဲ့သူတောင်ကုသိုလ်ရသေး အဲဒါကြောင့် သူတောင်းစားဆိုတာ သူတို့ကို ကုသိုလ်ရစေတဲ့ သူတို့ရဲ့ကျေးဇူးရှင်ဆို မမှားဘူးပေါ့ကွာ ''
'' ဒါဆို ကျုပ်တို့က ပြည့်သူ့ကျေးဇူးရှင်တွေပေါ့ ဆရာကြီး ''
'' အေးပေါ့ ....အဲ တောင်းစား တယ်ဆိုတာ လွယ်တဲ့ အလုပ်မဟုတ်ဘူးကွ အပြောအဆို အပြုအမှု အသံနေအသံထား ကိုယ်နေဟန် ပုံစံ အသွားအလာ အနေအထိုင် အစစအရာရာ ဂရုစိုက်ရတယ်ကွ ''
'' ဟုတ်ကဲ့ပါဆရာကြီး ''
'' နောက်ပီး တောင်းရမယ့်သူရှေ့ရောက်ရင်လည်း သနား အောင်နေတက်ရတယ်ကွ ''
'' ဟုတ် ''
'' ငါတို့က နှုလို့ ကန်းလို့တောင်းစားတာမှမဟုတ်တာ ဒါဆို ဘာလို့တောင်းစားတယ်လို့ မင်းတို့ထင်လည်း ''
'' လုပ်မစားချင်လို့ပါ အချောင်စားချင်လို့ပါ ဆရာကြီး''
''အေးပေါ့ကွ သန်သန်မာမာကြီးနဲ့ လူတွေ သနားအောင် နေတက်ဖို့ဆိုတာ တော်တော်တန် အခွက်နဲ့ မလွယ်ဘူးကွ မင်းတို့သာ တကယ်တောင်းစားတက်သွားပီ ဆိုရင် တခြား ဘာအလုပ်မှ မလုပ်ချင်တော့ဘူးကွ ''
'' တကယ်လား ဆရာကြီး ''
'' အေး မင်းတို့ တခြားအလုပ် လုပ်ချင်စိတ်ပျောက်သွား ပီ ဆိုရင်တော့ သူတောင်းစားပညာကို တက်မြောက်သွားပီလို့ မှတ်လိုက်တော့ ''
'' ကျုပ်ကတော့ မွေးကတည်းကကို အလုပ် လုပ်ချင်စိတ်မရှိတာဗျ တောင်းစားဖို့ ပါရမီကတော့ မွေးရာပါထင်တယ်နော် ဆရာကြီး ''
'' အေးပေါ့ကွ ဒါ ရှေးဘဝက မင်း ကောင်းမှု့များများလုပ်ခဲ့လို့ပေါ့ကွာ ''
သူ အရပ်နဲ့ သူ့ဇာတ်တော့ အဟုတ်
'' နောက်ပီး အရေးကြီးဆုံးက အသုံးအဆောင် ပြောရရင်တော့ ဘယ်အတက်ပညာမဆို လုပ်စားတော့မယ်ဆိုရင် အသုံးအဆောင်လိုတယ်ကွ ငါတို့သူတောင်းစားလောကမှာလည်း လိုတယ်ကွ ''
'' ဘာတွေ လိုတာလည်း ဆရာကြီး ''
'' ဘာတွေလိုလည်းဆိုတာ ကိုယ်တောင်းမယ့် ပုံစံပေါ်မှုတည်တယ်ကွ ပြောပီးတောင်းမလား သီချင်းဆိုပီးတောင်းမလားပေါ့ ''
အားလုံးလည်း ခေါင်းတွေမော့လို့ ငြိမ်လို့
'' အဲ နောက်တခုက ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါဆိုပီး စာရေးပြပီးတောင်းတာပေါ့ကွာ ဒါပေမယ့် မင်းတို့ကိုတော့ နည်းမျိုးစုံ တောင်းလို့ရအောင် ငါ အကုန်သင်ပေးထားမယ် ဟုတ်ပီလား ''
'' ဟုတ်ကဲ့ပါ ဆရာကြီး ''
'' ကဲ ဆရာ့နောက်က လိုက်ဆို သီချင်းလေးနဲ့ တီးစရာ ဘုံတို ပတ်စပါ ''
'' သီချင်းလေးနဲ့ တီးစရာ ဘုံတို ပတ်စပါ ''
အမယ် သူ့ဆရာနဲ့ သူ့ကဗျာနဲ့တော့ အဟုတ်
'' ခွက်စုတ် ဖလားစုတ် အဝတ်စုတ် ရှိတာ အကုန်စုတ် ''

'' စုတ် စုတ် စုတ် ''
'' ဟမ် ''
'' အို ''
''အဲ ''
'' အမလေးတော် ဘယ့်နဲ့ ''
စုတ် စုတ် စုတ် လည်း ရောက်ရော အကုန်လုံးပါးစပ်အဟောင်းသား ဘယ်သူမှ လိုက်မဆိုကြဘူး ဟုတ်တယ်လေ ဘယ်သူက ဆိုရဲမှာလည်း ကဗျာလား ဘာလား မသိ
'' ဟေ့ လိုက်ဆိုကြလေ ''
'' ဟင့်အင့် ဆိုဘူး သက်ရင် သက်သွား ''
ဒါကို နောက်တယောက်က
'' အို သမီးတို့က မရှိလို့ တောင်းစားတာ ဒါမျိုး ဘယ်တော့မှ လုပ်ဘူး ''
ဒါတောင် အခြောက်လိုလိုတယောက်က ရှိသေး
'' ဟင့်အင်း ချိုဘူး ချိုဘူး ''
'' ချိုဘူးမဟုတ်ဘူး နို့ဘူး ဟဲ့ နို့ဘူး ''
ကျောင်းသားတယောက်က ဝင်ပြောလိုက်တော့ တခန်းလုံးကို ညံရော
'' ဟဲ့ ဟဲ့ ဘာတွေ ပြောနေတာလည်းကွာ ငါလုပ်လိုက်ရ အကုန် နာတော့မယ် စုတ်စုတ်စုတ်ဆိုတာ ဝတ်သမျှ ယူသမျှ အားလုံး အစုတ်တွေ ဝတ်ဖို့ ယူဖို့ပြောတာလေ အစုတ်က အဓိကကျတာကိုသိစေချင်လို့ကွ ''
'' အို သိဘူးလေ သားတို့က လန့်သွားတာပေါ့ဗျ ''
'' အစုတ်ဝတ်မှ နင်တို့ သနားမှာပေါ့ ဟဲ့ ခွေးသူတောင်းစားတွေရဲ့ ''
ကဲ အေးရော ဘာတက်နိုင်သေးလည်း
'' ကဲ နောက်တခု လိုက်ဆို ပတ်တီးလိုက်ပတ် တကိုယ်လုံးပတ် မနှုလည်းပဲ ပတ် ''
'' ပတ်တီးလိုက်ပတ် တကိုယ်လုံးပတ် မနှုလည်းပဲပတ် ''
'' ပတ် ပတ် ပတ် ''
'ဟမ် ' လုပ်ပြန်ပီ ပတ်ပတ်ပတ်တဲ့
အကုန်လုံးတယောက်မျက်နှာ တယောက်ကြည့်လို့ ဆိုရကောင်းမလား မဆိုရကောင်းမလားပေါ့
ဒါပေမယ့် မဆိုပဲလည်း မနေရဲ ကြဘူးလေ ထက်အဆဲခံ ရမှာ သိတော့
'' ပတ် ပတ် ပတ် ''
လိုက်ဆိုတာများ ညီလို့
ဒါတောင် အခြောက်မက
' ဟင့်အင် ချိုဘူး ချိုဘူး ' လုပ်တုန်း
ဒါပေမယ့် ကျန်တဲ့သူတွေကလိုက်ဆိုနေတော့ သူပြောတာဘယ်သူမှမကြားလိုက်ဘူး
'' အေး ပတ်တီး ကိုလည်းအသစ်မသုံးမိစေနဲ့နားလည်လား ''
'' နားလည်ပါတယ် ဆရာကြီး ''
'' ကဲနောက်ဆုံးတခုအနေနဲ့ မင်းတို့ကိုမှာချင်တာက .... ''
နောက်ဆုံးတခုလည်းပြောရော အကုန်လုံးပျော်သွားကြတယ် ပြန်ရတော့မှာလေ
'' ကြိုးစားပီး တောင်းစားကြပါ ကားစီးနိုင်လည်းတောင်းကြပါ တိုက်ဆောက်နိုင်လည်းတောင်းကြပါ ကိုယ်ဘယ်အခြေအနေ ရောက်ရောက် ကိုယ့်ရဲ့သူတောင်းစားဘဝကိုမမေ့ကြပါနဲ့ အရေးကြီးတာကတော့ အသက်ရှိသ၍ တောင်းနေဖို့ပဲ ''
" ဟုတ် "
'' သူတောင်းစားလောကကိုလည်း တိုးတက်လာအောင် လူငယ်သူတောင်းစားလေးတွေဖြစ်တဲ့ မင်းတို့က ကြိုးစားကြပါ ''
'' ဟုတ်ကဲ့ပါ ဆရာကြီး ''
'' နောင်တချိန်မှာ တရားမဝင် သူတောင်းစားတွေ ပပျောက်ဖို့အတွက်လည်းလိုအပ်လာရင် သူတောင်းစားလိုင်စင်တွေ ယူနီဖောင်းတွေ လုပ်ကြပါ ''
" ဟုတ် ''
" ကဲ ကဲ ဒီနေ့ ဘာသင်လိုက်လည်း အမောင် သူတောင်းစားတို့ ''
'' စုတ်စုတ် နဲ့ ပတ်ပတ်ပါ ဆရာကြီး ''
'' ဘာကွ စုတ်ပတ် ပတ် .... ဟာာ အေးပါကွာ မင်းတို့ အလွယ်မှတ်မိရင်လည်းပီးသာပါပဲ ''
သင်တန်းဆင်းချိန်မို့ ဆရာကြီးက ရှင်းပြမှ ပိုရှုပ်မှာစိုးလို့ထင်တယ် ဘာမှတော့ ထက်မရှင်းတော့ဘူး
'' ကဲ မင်းတို့ရဲ့ အဝတ်စားကောင်းတွေချွတ် သူတောင်းစားလိုဝတ် အပြန် တောင်းပြန်ကြပေတော့ ''
တောင်းပြန်ကြဆိုတော့ အားလုံးက အဝတ်လဲတဲ့သူကလဲ ပတ်တီးပတ်တဲ့သူကပတ် ခွက်ထုတ်တဲ့သူကထုတ် ဂျိုင်းထောက် ယူတဲ့သူကယူ
တယောတို့ မယ်ဒလင်တို့ကြိုးညှိသူက ညှိလို့ပေါ့ တခန်းလုံး ကို ညံ ကုန်ရော
" ကဲ အားလုံး အားလုံး နှုတ်ဆက်ရအောင် ''
ဒါက သူ့ သင်တန်းရဲ့ အကျင့်
'' သူတောင်းစားဆောင်ပုဒ်လေး ဆိုလိုက်ပါဦး ''
" တောင်းစားခြင်းဖြင့် မိမိဘဝကို မြှင့်တင်ပါ ''
'' သုံးခေါက်ဆို ''
'' တောင်းစားခြင်းဖြင့် မိမိဘဝကိုမြှင့်တင်ပါ ''
'' ............ ''
'' ............. ''
တခန်းလုံးကို အားမာန်တက်ကြွအသံလား ဟီးလို့
ခုတော့လည်းလေ သူတောင်းစားတွေလည်းပြန် တယောက်ထဲပဲကျန်တော့မှ ဆရာကြီးက သူ့ ဆိုင်းဘုတ်သူပြန်ကြည့် မိန့်မိန့်ကြီးကိုပြုံးလို့
သင့်ဘဝ တိုးတက်စေချင်သလား
အမြန်လာထား ဆက်သွယ်သွား
ဆရာဇော်ချစ် သူတောင်းစား
(ဆရာဇော်ချစ် သူတောင်းစားတိုးတက်ရေးနည်းပြဆရာကြီး)
Credit

Comments
Post a Comment