" မိန်းမဟူဘိ ထိုဣထ္ထိကား "
" မိန်းမဟူဘိ ထိုဣထ္ထိကား "
••••••••••••••••••••
ယောကျာင်္းသေသွားလို့မှ မကြာသေး ၊ ကျန်ရစ်သူဇနီးက
ယောကျာင်္း၏ညီ ( မတ်တော်သူ ) နှင့်ယူလိုက်သည် ။
တောမြို့လေးတစ်မြို့လုံးက အမနာပ မေးငေါ့ အတင်းချ
မည့်အရေးကို သူမက ကြိုမြင်ပြီး ၊ သွားလေသူခင်ပွန်း၏
ဧရာမဓာတ်ပုံကြီးကို ဧည့်ခန်း၌ ချိတ်ထားလိုက်သည် ။
တစ်နေ့မှာ ရပ်ဝေးကဧည့်သည်တစ်ယောက်က ဥပဓိရုပ်
ကောင်းလှသော ဓာတ်ပုံထဲမှလူကိုမြင်ပြီး --
" ဘယ်သူများလည်းခင်ဗျ "
လို့မေးလိုက်တယ်ဆိုရင်ပဲ မုဆိုးမလေးက မျက်ရည်လေး
စမ်းစမ်းနှင့် လက်ကိုင်ပုဝါလေးထုတ်ကာ မျက်ရည်စတွေ
သုတ်ရင်း ပြောလိုက်တာကတော့ ---
" သြော် အဲ့ဒါ ဟိုတလောလေးကမှ ဆုံးသွားရှာတဲ့ ကျွန်မ
ရဲ့ ခဲအို သူတော်ကောင်းကြီးလေ. " တဲ့
" Oိာန် "
😛
😛
.
ကိုရွှေဥ

Comments
Post a Comment