တိုင်းရင်းသားအသစ်တွေပါလားညော်
တခါကရွာတစ်ရွာတွင် သီချင်းဆိုအင်မတန်ဝါသနာပါသော မောင်ပွဆိုတဲ့ ရွာသားတယောက်ရှိတယ်။
အတိုချုံးပြောရရင် သင်္ကြန်မှာ နယ်မြို့လေးတမြို့မှာရှိတဲ့ သူငယ်ချင်းစီသွားကဲမယ်ဆိုပြီး မောင်ပွထွက်လာခဲ့တယ်။
ထိုနယ်မြို့လေးတွင် သင်္ကြန်နှစ်တိုင်း ယိမ်းအကပြိုင်ပွဲများရှိပြီး ရပ်ကွက်အလိုက်ပြိုင်ကြခြင်းဖြစ်၏။ဖွင့်ပွဲပိတ်ပွဲက မြို့လယ်ကောင်ဗဟိုမဏ္ထ္ဌပ်တွင် ပြုလုပ်ပြီးကျန်သည့်နေ့များတွင်တော့ သက်ဆိုင်ရာ ရပ်ကွက်ရှိ မဏ္ထ္ဌပ်တွင်ကပြရသည်။သည်တွင်မောင်ပွ၏ အခန်းကဏ္ထ္ဌရောက်လာလေပြီ။
ွဖွင့်ပွဲနေ့တွင် စင်ပေါ်တက်သီချင်းဆိုရန် အကြောင်းဖြစ်လာလေသည်။ဘယ်သူမှတောင်းဆိုလိုတော့မဟုတ်။ကိုယ့်ဘာသာကိုယ် ထိုအစီအစဉ်အားထပ်ဖြည့်ပေးပါရန် တာဝန်ရှိသူတွေကို ဘာညာကွိကွပေါ့လေ။
ကိုယ်တွေအနုပညာပိုးကလည်း မသေးဘူးပဲကိုး။
မောင်ပွနယ်ကိုရောက်သွားတာကသင်္ကြန်မတိုင်မီလေးရက်အလို။ဆိုတော့ကာ သီချင်းတိုက်အကတိုက်ဖို့ အချိန်သိပ် မရလိုက်။မောင်ပွဆိုမှာကသင်္ကြန်သီချင်းတော့မဟုတ်။ဖွင့်ပွဲနေ့ဆိုတော့ ပေါ်လစီလေးလည်းပါအောင် ဇော်ဝင်းထွဠ်ရဲ့စည်းလုံးခြင်းအတွက်သီချင်းတပုဒ်ကိုဆိုမည်။တေးသရုပ်ဖော်လည်းပါသေး။အကအဖွဲ့တွေက အတွေ့အကြုံရှိပြီးသားဆိုတော့ သိပ်ပြဿနာမရှိ။တိုင်းရင်းသားဝတ်စုံလေးတွေဝတ်ပြီး ပတ်ကနေရုံ။ပြဿနာတက်နေ သည်ကမောင်ပွ.... ဘာလဲဆိုတော့ ထိုသီချင်းကို သိပ်မရ။စာသားတွေအကုန်ရပေမယ့် ကချင်ပြီးရင်ကယားကိုခေါ်ရမလား ကရင်ကိုခေါ်ရမလား ရောနေတာ တစ်ခုပါပဲ။စာရွက်ကြည့်ဆိုဖို့ သူငယ်ချင်းက အကြံပေးပေမယ့် ဒါကြီးက မိမိသိက္ခာအား လွန်စွာကျဆင်းစေသောကိစ္စဖြစ်သဖြင့် ခပ်မာမာပင် လက်မခံခဲ့။
ကဲဖွင့်ပွဲနေ့ရောက်ပါပြီ။မောင်ပွကားရန်ကုန်မှတကူးတကဝယ်လာသော ဖဲတိုက်ပုံပိုးပုဆိုးတို့ဖြင့် အင်မတန်ခန့်ညားလျက်ရှိနေပေတော့သည်။ရူပါ ပါတက်အောင်ဆိုပြီး အဒေါ်လုပ်သူက မိတ်ကပ်ပါးပါးပုတ်ကာ နှုတ်ခမ်းနီပါ ဆိုးသွားပေးသေးသည်။
``အခု ဆက်လက်ပြီး တင်ဆက်မယ့်အစီအစဉ်ကတော့ စည်းလုံးခြင်းအတွက်သီချင်းတပုဒ်ဆိုတဲ့ တေးသရုပ်ဖော်အစီအစဉ် ဖြစ်ပါတယ်´´
ပြီးသကာလ သက်ဆိုင်ရာစုံတွဲ အသီးသီးမှာ Intro တီးလုံးနှင့်အတူ စင်ပေါ်သို့ တက်ရောက်လာကြသည်။
စပါပြီ မောင်ပွဆိုရမည့်နေရာ။
ပထမဆုံး ထွက်လာတာက ကချင်စုံတွဲ။
``မေခနဲ့မလိခ ဆုံစည်းတဲ့နေရာ ဂျိမ်းဖောတို့ ရှိတဲ့ဌာနေ တစ်နယ်စီခြားနေလည်း ရင်မှာအမြဲတည်တဲ့ စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ရှိနေမယ်´´
အမယ် ဟုတ်သဟ။ကချင်စုံတွဲမှာ သူတို့ အလှည့်ပြီးသွားသဖြင့် တွန့် တွန့် တွန့် တွန့်နှင့် ပြန်ဝင်ကြလေလျှင်....
ငင်...နေပါအုံးဟ ကချင်ပြီးရင်ဘာစုံတွဲ လာမှာပါလိမ့်။
အီးးးးတေပြီ။ကဲ ထင်တာရမ်းကြိတ်လိုက်မယ်။
``လှမ်းကြည့်ရင်မဆုံးတဲ့ တောင်တန်းအလှပေါ် ကချင်သားချင်းတို့ မွေ့လျော်တယ်လေ´´ ဟာ ကချင်ကိုထပ်ခေါ်မိပြန်ပြီ
``ဟဲ့ ကချင်ပဲတဲ့´´
ကချင်သံလည်းကြားရော ခုနက တွန့် တွန့် တွန့် တွန့် နှင့်ဝင်သွားသောကချင်စုံတွဲမှာတွန့် တွန့် တွန့် တွန့်နှင့်ပင်ပြန်ထွက်လာရပြန်လေသည်။
တွန့် တွန့် တွန့် တွန့် နှင့် ထွက်လာခါစရှိသောကရင်စုံတွဲမှာ အတိတ်မေ့သလိုရွှေပျောက် သလိုလုပ်ပြီးမူလနေရာသို့ မယောင်မလည်ကပြီး ပြန်ဝင်သွားရလေသည်။
``ခွီးးးးးတေဘီ သီချင်းစာသားတွေ မေ့ကုန်ပြီ´´
ဟုတ်ပါသည်။အောက်ကပရိတ်သတ် stress ရော သီချင်းမရသည့် stress ရောအကုန်ပေါင်းကာ သီချင်းစာသားတွေ မေ့ကုန်လေပြီ။
သီချင်းတီးလုံးတီးနေစဉ် တွန့် တွန့် တွန့် တွန့်နှင့် ထွက်လာတာကရှမ်းစုံတွဲ။အဲ...တော်ပါသေးရဲ့ ဒါဆိုရှမ်းအကြောင်းဆိုရမှာပဲ။ဟာ....နေပါအုန်း ရှမ်းဘယ်ကစပါလိမ့်။
``ရှမ်းတွေဟာ ရှမ်းတွေနဲ့ ရှမ်းတွေရယ်
ရှမ်းအမျိုးသမီးနဲ့ အမျိုးသားဖြစ်ပါတယ်
တောင်ပေါ်ရှမ်းတွေနဲ့မြေပြန့်ရှမ်းတွေမခွဲ
ရှမ်းကိုးမီးတော့ ဆော့တတ်ကြပါတယ်´´
``ခွီးးးဒါကြီးကသီချင်းအသစ်လား´´
မတတ်နိုင်။စာသားမေ့တော့ သီချင်းအလိုက်နှင့်own tune စာသားများထည့်ကာ ရမ်းကြိတ်ရတော့သည်။
တွန့် တွန့် တွန့် တွန့် နဲ့ ဒုံးယိမ်းကပြီး ထပ်ထွက်လာတာက ကရင်စုံတွဲ။သူတို့မှာလည်း ထွက်သာထွက်လာရတာ မျက်လုံးပြူး မျက်ဆံပြူး ကြောက်ကြောက်လန့်လန့်နှင့်ပင်။
ဘာတွေများဆိုမလဲပေါ့လေ။သောက်ခွပဲ။ကရင်ကလည်းဘယ်ကစလဲမသိ။အာ သိပြီ သိပြီ.....
``ဖားစည်သံနားထဲ ချိုပျံ့လွင့်လာ ချစ်ညီအစ်ကိုတို့ ဇွဲကပင်မြေ´´ ဟူးးးးးတော်ပါသေးရဲ့
ကရင်စုံတွဲမှာ ခုမှစိတ်သက်သာရာရသောပုံစံ ဖြစ်သွားလေသည်။သို့သော် မကြာပါ
``ကရင်များဟာလည်းကချင်များပါပဲ
စည်းလုံးခြင်းအတွက်သီချင်းတပုဒ်ရှိနေမယ်´´
``ဟင် လာပြန်ပြီ ကချင်တဲ့´´
ချောင်တနေရာတွင် အငြိမ်းစားရနေသော ကချင်စုံတွဲမှာ တွန့် တွန့် တွန့် တွန့် ထွက်လာရပြန်လေသည်။
``ဘယ့်နယ့်ပြုလို့ ကချင်က ခဏခဏပါနေရတာတုန်းဟ´´
တွန်ု တွန့် တွန့် တွန့် ထပ်ထွက်လာတာက မွန်အတွဲ။
တော်သေးသည် မွန်Intro ကသိသာလို့။ဒါနဲ့ မွန်အစက ဘာပါလိမ့်။အော် သိပြီသိပြီ။
``ရာမညလို့တွင်ခဲ့တဲ့ မွန်တို့ရဲ့မြေ ယဉ်ကျေးမှု့ အစ ဖြစ်တည်တယ်လေ´´
``ဟူးးးးတော်ပါသေးရဲ့´´
မွန်စုံတွဲမှာလည်း အခုမှစိတ်အေးသွားရပုံနှင့်။
``မွန်များဟာလည်းကရင်များပါပဲ ဒုံးယိမ်းကတော့ကတတ်ကြပါတယ်´´``အီးးးငါဘာတွေဆိုနေပါလိမ့်´´
``ဟဲ့....ဒုံးယိမ်းတဲ့´´
အိနြေ္နရရ မွန်က ကကာပြန်ဝင်သွားသော မွန်စုံတွဲမှာ ပြန်ရောက်ခါနီးမှ ဒုံးယိမ်းကကလိုက်ရလေသည်။
နောက်ထပ် တွန့် တွန့် တွန့် တွန့် ထွက်လာတာက ချင်းစုံတွဲ။
အီးးးးးနာတော့သေချင်တာပဲ။ဒင်းတို့သာတစ်တွဲပြီး တစ်တွဲထွက်လာတာ သီချင်းအစတွေက ဘာတွေမှန်းလဲ မသိတော့။အို ကိစ္စမရှိပါဘူးလေ။အောက်ကလူတွေလဲတောသားတွေ။ဒီသီချင်းရမှာလည်းမဟုတ်ပါဘူး။ချင်းစုံတွဲကလည်း ထွက်သာထွက်လာရတာ ပုံစံတွေက ကြောက်ကြောက်လန့်လန့်
``လှမ်းကြည့်ရင် မဆုံးတဲ့ တောင်တန်းအလှအပေါ် ချစ်ညီအစ်ကိုတို့ဇွဲကပင်မြေ´´
``ဟဲ့ ဟဲ့ ဇွဲကပင်တဲ့ ကရင်ဟ ကရင် ကရင်´´
ခုနက ကချင်စုံတွဲလိုပင် ချောင်ထဲတွင် တွန့် တွန့် တွန့် တွန့် လုပ်နေသော ကရင်စုံတွဲမှာ ဒုံးယိမ်းကကာ တိုးထွက်လာရပြန်သည်။
ကချင်စုံတွဲမှာလည်း တစ်ခေါက်လာ သူတို့ကို ပြန်ခေါ်မလားဆိုပြီး လန့်ဖျတ်နေရာမှ အတော်အတန်စိတ်သက်သာရာရသွားလေသည်။
နောက်ဆုံးကျန်တာကရခိုင်စုံတွဲ။သည်တစ်ခေါက် ရခိုင်စုံတွဲက အရှေ့ကစုံတွဲများကိုကြည့်ကာ ရခိုင်အကမကဘဲဒုံးယိမ်း အက ကကာထွက်လာလေတော့သည်။ကြိုတင်ကာကွယ်ထားသည့်သဘော။
``ရှု့ဆုံးမဝနိုင်တဲ့ တောင်တန်းအလှမြေ
ရခိုင်သားချင်းတို့ မွေ့လျော်တယ်လေ´´
``ငင် ရခိုင်တဲ့ မှန်တယ်ဟ ရခိုင်အကပြန်က ရခိုင်အကပြန်က´´
``ရခိုင်များဟာလည်း ကရင်များပါပဲ ဒုံးယိမ်းအကတော့ ကတတ်ကြပါတယ်´´
``ခွီးးးးးကရင်ဖြစ်သွားပြန်ပြီလား ကျွန်မတို့သေပေစေတော့´´
ကဲ နောက်ဆုံးက ကယား။သီချင်းစာသားတွေလဲဇောက်တိဇောက်ထိုး။လူတွေကလည်း မိမိဆိုသည့်အပေါ်မူတည်ပြီးသာ ထွက်လာကြလေတော့၏။
``ဘီလူးချောင်းကပေးတဲ့ ရေအားကြောင့်လေ ကချင်သားချင်းတို့ မွေ့လျော်တယ်လေ´´
``ဝှစ် ဝှစ်´´
`` ငင် ကချင်စုံတွဲပါလား ဘယ်လိုလုပ် ရှေ့ကိုရောက်လာတာတုန်း မြန်ထှာ´´
``ကြိုတင်မျော်လင့်ထားပြီးသားမို့ပါ´´
ကချင်စုံတွဲမှာ စာသားတိုင်းကိုသတိကြီးစွာနားထောင်ပြီး အသင့်အနေအထားဖြင့်စောင့်နေလေရာ ယခုလိုလဲ ခေါ်လိုက်ရော မဆိုင်းမတွပင် ရှေ့ရောက်လာပေတော့သည်။
အတွေ့အကြုံဆိုတာဒါပဲနေမည်။
တကယ်ကသီချင်းစာသားတွေက သံစဉ်တူတွေဖြစ်နေလေတော့ အကုန်ရောကာမေ့သွားခြင်းပင်။ဟူးးးးးဖြစ်ချင်ရာဖြစ် နောက်ဆုံးတပိုဒ်ပဲ ကျန်တော့တယ် လာထားဟ။အကုန်ထွက်ကလို့ရပြီ
``ကရင် ကချား ချကင် ကယင်း ဗွန် မမာ ခရိုင် ချမ်း ညီညွတ်နေတဲ့ မြိုင်ခဲတဲ့ လက်များ မြီထောင်စုကြီး အမြဲတမ်း ရှိနေမယ်´´ အောင်မလေးဟဲ့ စကားတွေလုံးထှာ´´
``ခွီးးးးတိုင်းရင်းသားအသစ်တွေပါလားညော်´´
မောင်ပွတို့ကတော့ ရုပ်တည်ပင်.....
တစ်ချက်ပြုံးမိတယ်ဆိုရင် like & share😉
Credit to ကိုပွ
👉👧Myo👈

Comments
Post a Comment