ဂျင်းလာမထည့်​နဲ့ ရိုး​နေပြီ

" ဟယ်​လို "

" ဟုတ်​ကဲ့ မင်္ဂလာပါရှင်​ -ကျမတို့ Hero စမတ်​ဖုန်း ကုမ္ပဏီကပါရှင်​ "

" ဟုတ်​ကဲ့ ​ပြောပါ "

" ဟုတ်​ကဲ့ပါရှင်​ -အစ်​ကို့ကို ဝမ်းသာစရာ အ​ကြောင်းကြားတာ -အစ်​ကို့ရဲ့ဖုန်းနံပါတ်​က 09964xxxx-
ဟုတ်​ပါတယ်​​နော်​ "

" ခင်​​ဗျားပဲ နှိပ်​ပြီး ဆက်​တာ​လေ "

" ​သေချာ​အောင်​ ​မေးတာပါရှင်​ -အစ်​ကို့ ဒီဖုန်းနံပါတ်​က ကျမတို့ကုမ္ပဏီရဲ့ ပရိုမိုးရှင်းအစီအစဉ်​မှာ ကံထူးတဲ့ နံပါတ်​ ဖြစ်​ပါတယ်​ရှင်​ "

" အဲ့​တော့ "

" ဟုတ်​ကဲ့ရှင်​ -အဲ့သည့်​အတွက်​ အစ်​ကိုဟာ
ကျမတို့ကုမ္ပဏီက ထုတ်​တဲ့ ၂၆၀၀၀၀ ​ကျော်​ တန်​ဖိုးရှိတဲ့ ဖုန်းတစ်​လုံးကို ၁၃၈၀၀၀ တည်းနဲ့ ရနိုင်​မှာပါရှင်​"

" ဘယ်​လို ၂၆၀၀၀၀ တန်​ ဖုန်းကို -၁၃၈၀၀၀ နဲ့ ရမှာ ဟုတ်​လား "

" ဟုတ်​ပါတယ်​ရှင်​ "

" ဟာ တဂယ်​ တဂယ်​ရီးလား -ဟာဟား ဝမ်းသာလိုက်​တာ ​ဗျာ- ဂိ ဂိ "

" ​နေပါအုံးရှင်​ -ဝမ်းသာ မ​စောပါနဲ့အုံး -ဒါတင်​မက တန်​ဖိုး ၇၀၀၀၀ ​တန်​ လက်​​ဆောင်​ပစ္စည်း ၇ မျိုးကိုလည်း ရအုံးမှာပါရှင်​ "

" လက်​​ဆောင်​​တွေလည်း ရအုံးမှာ -"

" ဟုတ်​ပါတယ်​ရှင်​ "

" ဟာဂျာ -မိုက်​လှချည်​လား ဂျာ -ဝမ်းသာလိုက်​တာဂျာ အ​ဟေး​ဟေး -ပြွတ်​ပြွတ်​ မွမွ "

" ဘာလုပ်​တာလဲရှင်​ "

" အ​ဟေး ဝမ်းသာလွန်းလို့ ညီမကို အာဘွား​ပေးတာ ဟိဟိ"

" အို အစ်​ကိုကလည်း -"

" တဂယ်​ပါဂျာ ဝမ်းသာလွန်းလို့ ရှူ ရှူး​တောင်​ ထွက်​ကျကုန်​ပြီ "

" အို "

" ယူမယ်​​ဗျာ -အာ့ဆို ကျ​တော်​ အလုံး ၂၀ ယူမယ်​ "

" ဟို အလုံး ၂၀ ​တော့ --"

" ဘာလဲ !- မရဘူးလား -မရရင်​ မယူ --"

" အို ရပါတယ်​ ရှင်​ -ရပါတယ်​ -အစ်​ကို့ရဲ့ နာမည်​နဲ့ လိပ်​စာ​လေးသာ ​ပြော​ပေးပါ "

" ဟုတ်​ကဲ့ ​ပြော​ပေးပါ့မယ်​ "

" အစ်​ကို နာမည်က -"

" မင်းလင်​ "

" ရှင်​ "

" ဘာလဲ !- နား မ​ကောင်းဘူးလား -မင်းလင်​ လို့ "

" ​အော်​ ဟုတ်​ကဲ့ -ကိုမင်းလင်​​ပေါ့​နော်​"

" ဟုတ်​တယ်​ "

" လိပ်​စာ​လေး တစ်​ချက်​​လောက်​ အစ်​ကို "l

" အဲ --လိပ်​စာက -အမှတ်​ ၈၀၀၀၅ -"

" ရှင်​ -အဲ့ အမှတ်​က --"

" လျှာမရှည်​နဲ့ ​ပြောတဲ့အတိုင်း လိုက်​မှတ်​​လေ "

" ဟုတ်​ကဲ့ရှင့်​ -အမှတ်​ ၈၀၀၀၅ --"

" ​ရွှေတိဂုံဘုရားလမ်း -"

" ​ရွှေတိဂုံဘုရားလမ်း -"

" ​ထောက်​ကြန့်​တိုးချဲ့ရပ်​ကွက်​ "

" ရှင်​ -​ရွှေတိဂုံဘုရားလမ်းက -​ထောက်​ကြန့်​နဲ့ ဘာဆိုင်​လို့ -"

" ခင်​​ဗျားက ​တော်​​တော်​ လျှာရှည်​တာပဲ -​ထောက်​ကြန့်​တိုးချဲ့မှာလည်း -အဲ့လမ်း ရှိလို့​ပေါ့ "

" ဟုတ်​ ဟုတ်​ကဲ့ပါရှင်​ -​ထောက်​ကြန့်​တိုးချဲ့ရပ်​ကွက်​ -"

" လှိုင်​သာယာမြို့နယ်​ -"

" ရှင်​ --​ထောက်​ကြန့်​က​နေ လှိုင်​သာယာ -"

" ရှိတယ်​ ဆို "

အော်​ -ဟုတ်​ကဲ့ဟုတ်​ကဲ့ -လှိုင်​သာယာမြို့နယ်​ -"

" ​မော်​လမြိုင်​မြို့ "

" ဟို အစ်​ကို -မဟုတ်​​သေးဘူး ထင်​တယ်​​နော်​ "

" ဘာမဟုတ်​ရမှာလဲ -ကိုယ်​​နေတာ ကိုယ်​သိတယ်​ -လိုက်​မှတ်​ "

" ဟုတ်​ ဟုတ်​ "

" ​မော်​လမြိုင်​မြို့ -မန္တ​လေးတိုင်း​ဒေသကြီး "

" ရှင်​ "

" ဟာ -တရှင်​ရှင်​နဲ့  -ဖလူးမ ဂျင်းဖတ်​မ -အဲ့လိပ်​စာကို ရ​အောင်​ ပို့​ပေး ဒါပဲ "

" ဂွပ်​ "

😂😂😂😂😂😂😂😂

သောက်​​ကောင်​မ ဂျင်းလာထည့်​တာ
မသိ​ချောင်​​ဆောင်​ပြီး
ပေါက်​ကရ ​ပြော​ပေးလိုက်​တယ်
အေးရော
ဟီးဟီး

#လူချွန်​​တော်

Comments