ကြိုသိ​နေတယ်​​လေ

မိခင်ဖြစ်သူ
ဧည့်ခန်းထဲမှာ ထိုင်နေတုန်း
ချွန်ရဲလင်းလေး ရောက်လာပြီး
ပြောတယ်

'' မေမေ..မေမေ့မှာ..ပရုတ်ဆီ ရှိလားဟင် ''

'' ရှိတယ်လေ..သားရဲ့ ။ ဘာလုပ်မလို့လဲ? ''

'' သား ဒဏ်ရာကို.. လူးချင်လို့ပါ ''

ချွန်ရဲလင်းစကားကြောင့်
မိခင်ဖြစ်သူ စိတ်ပူသွားပြီး

'' ဟယ်..သား ဘာဖြစ်လို့လဲ? ..ဘယ်မှာ ထိခိုက်မိလို့လဲ..အမေ့ကို ပြစမ်း.. ပြစမ်း ''

'' အခု..ဘာမှ မဖြစ်သေးပါဘူး အမေရဲ့ ။ ဒဏ်ရာက ခဏနေမှ ဖြစ်မှာ..''

'' ဟင်..ဘယ်လို..''

မိခင်ဖြစ်သူ၏ နဝေတိမ်တောင် အမေးကို
ချွန်ရဲလင်းလေး ပြန်ဖြေတာက..

'' ဟိုလေ..သား မီးဖိုခန်းထဲမှာ ဟင်းနှိုက်စားတာ..အဲ့ဒါ..ကြက်သားအိုးကြီး မှောက်ကျသွားလို့..''

'' ဘာ! ..''

😁😁😁😁😁

#လူချွန်တော်

Comments