သို၎ကန် - လေမဖြတ်ပါ

အမြင်ကပ်လို့ ကလေးမတစ်ယောက်ကိုတော့ ဘလော့လိုက်ပြီ။

စဉ်းစားကြည့်ပါဗျာ...

ကျနော်မို့ အကျီ င်္အသစ်လေးဝယ်လာလို့ ဖေ့စဘုတ်တင်မိရင်
အောက်ကလာမန့်ပြီ... ..
"လှထှာ... ဘယ်သူဝယ်ပေးတာလဲ"... တဲ့။

ကျနော်မို့ မျက်မှန်လေးဝယ်လာလို့ ဖေ့စဘုတ်တင်မိရင်
အောက်ကလာမန့်ပြီ... ..
"မိုက်ထှာ... ဘယ်သူဝယ်ပေးတာလဲ"... တဲ့။

ကျနော်မို့ စားသောက်ဆိုင်ရောက်လို့ စားကောင်းသောက်ဖွယ်ပုံလေး ဖေ့စဘုတ်တင်မိရင်
အောက်ကလာမန့်ပြီ... ..
"ရှယ်ပဲ... ဘယ်သူဝယ်ကျွေးတာလဲ"... တဲ့။

ကိုယ်ကပဲ ပိုက်ဆံမရှိသလိုလို
ကိုယ်ကပဲ သူများချူ စားနေသလိုလို

ဒါနဲ့...
ဒီလောက်တောင် ဘယ်သူဝယ်ပေးတာလဲ ဘယ်သူဝယ်ကျွေးတာလဲတွေ မေးနေတာ
ဒီတခါတော့ အဲလို မမေးနိုင်အောင် ပစ္စည်းပုံမတင်ပဲ ကိုယ့်ပုံကိုယ် အလှဓာတ်ပုံရိုက်ပြီး တင်ထည့်လိုက်တယ်။

မေးစမ်း... မေးလို့ ရအုံးမလား 'ဘယ်သူဝယ်ပေးတာလဲ'... လို့... ဟမ်။

မမေးဘူးဗျာ....
လာမန့်သွားတာကြည့်... ...

[ဦးလေး.. အောချဒ် ဘက်က တရုတ်လက်နှိပ်ဆရာမ ကောင်းတယ်၊ သမီးအဒေါ်တစ်ယောက်လည်း အဲ့ဆရာမဆီသွားပြတာ တစ်ပတ်လောက်နဲ့ သက်သာသွားတာ]

{ဟမ်... အာ့ဟာ ငါကဘာလုပ်ရမှာတုံး}

[သိဘူးလေ... ဦးလေးပုံမှာ လက်ကြီးကပ်နေပြီး ကိုယ်တစ်ခြမ်းကြီးစောင်းနေတော့ လေဖြတ်နေတာလားလို့ စေတနာနဲ့ ပြောပြတာ]

{ငင်... မတာမလေး... အဲ့တာ ပို့စ်ပေးနေတာဟ..ဘလော့ပီဟာ}

[ငိ ... ငိ... သူ့စိတ်ချည်းပဲ စထှာကို]

ကဲ...
ကျနော်ဘလော့တာ အပြစ်လား
.
.😜😜😜
.
သို၎ကန် -လေမဖြတ်ပါ။
Credit

Comments