"ရှင့်​ကို ကျွန်မ ပြောစရာရှိတယ်.သေခြာနားထောင်.."

"ရှင့်​ကို ကျွန်မ ပြောစရာရှိတယ်.သေခြာနားထောင်.."
@@@@@@@@@@@@@@@@@@@@@
ဟာသလေးများဖတ်ပြီး ဘွအမောများပြေကြပါစေ

ကိုတာတီး ရှင့်​ကို ကျွန်မ ပြောစရာရှိတယ်..."
"​ပြော​လေ မိန်းမရဲ့.."

"ဒါ​ပေမယ့်​ မရိုက်​ရဘူး​နော်​.. ကတိ​ပေး..."

"​အော်​..
ချစ်​လို့ ယူထားတာပဲ ကိုယ့်မိန်းမကို ရိုက်​စရာလား.."
"အဲဒါဆို ပြီး​ရော.."

နားနား​လေးကို တိုးတိုး​လေး ကပ်​​ပြောတယ်​..
"ရူး ရှူး...ပိကျိ ပိကျိ...ကွိ ကွိ "

"အာ..
မိန်းမကလဲ မကြားရဘူး.. ကျယ်​ကျယ်​​ပြော..."

"ဒီနားတိုးလိုက်​..
ပြောမယ်​ ​သေချာနားထောင်
ဒီလို​တော်​​ရေ..
ကျမမှာ ကိုယ်​ဝန်​သုံးလရှိ​နေပြီ..တဲ့
အဲဒါ ဆရာဝန်​က ​ပြောတာ.."

"ဟာ!!..
တကယ်​လား.."

"တကယ်​​ပေါ့.."

"ဟား ဟားး..
ငါလူဖြစ်​ပြီကွ...လူဖြစ်​ပြီ..
အ​ဟေး!!"

"ဟာ...
အရီးမြ ကျ​နော်​ လူဖြစ်​ပြီဗျ..
ဟိုင်းယား!!"

အိမ်​​ရှေ့လမ်းက ဖြတ်​သွားတဲ့ အရီးမြကို အသားလွတ်
လှမ်းပြီးကြွားလိုက်သေး...

အရီးမြကလည်း...

"အေး ​အေး..
ငါတူရီး​တောင်​ က​လေးအ​ဖေဖြစ်​​တော့မယ်
ဝမ်းသာတယ်​" con con!!လုပ်​သွား​သေး..

သိတယ်​မလား..
ကမ္ဘာ့ ဖလား ​ဘောလုံးပွဲမှာ အနိုင်​ဂိုးသွင်းယူလိုက်​တဲ့ ကစားသမားတစ်​ဦး ​အောင်​ပွဲခံလိုက်​သလိုမျိုး..

"ဒါနဲ့ ​နေပါအူး မိန်းမရဲ့..
ဒီ​လောက်​ ဝမ်းသာစရာ​ကောင်းတဲ့ သတင်းမျိုးကို
မိန်းမက ဘာလို့ ရိုက်​မှာ​ကြောက်​​နေရတာလဲ..??"

"​အော်​..ငယ်ငယ်တုန်းက
မိန်းမ တက္ကသိုလ်​​ကျောင်းသူဘဝမှာ
အဲလိုဖြစ်တာကို အ​ဖေ့ကို ​ပြောပြလိုက်​တာ..
သေးထွက်​​အောင်​ ရိုက်​ခံထိတာ ခနခနပါဘဲ .."

ဘာ!!

မသာ ဂျင်းမ!!

အန့်အောလို့မဆုံးဘူးးး..
😂
😂Crd
တက္ကသိုလ်​​ဂျင်းမိ ခံရခြင်းမှ ကင်းဝေးကြပါစေ ။

Comments