ဘဲဥကအာ့​လောက်​​သေးလား

ထမင်းဆိုင်မှာ..

'' အစ်မ. ဘဲဥဟင်းနဲ့ ထမင်း တစ်ပွဲ ပေးပါ ''

တအောင့်ကြာတော့
ထမင်းနဲ့ဟင်းပွဲတွေ လာချတယ်

ကျတော်လည်း
ဗိုက်ဆာဆာနဲ့ တွယ်မလို
ဟင်းပွဲကို ကြည့်လိုက်တော့ာ.

ဟင်....ငုံးဥတွေ..

''မှားနေပြီ အစ်မ..ကျတော် မှာတာ..ဘဲဥဟင်းလေ ''

ဆိုင်ရှင် အစ်မကြီးက
မျက်လုံးကြီး ပြူးပြီး ပြန်ပြောတယ်

'' ဒီမှာ. ဘဲဥဟင်းလေ..မတွေ့ဘူးလား..''

''ဗျာ..''

မြတ်စွာဖျား
ငုံးဥလောက် အလုံးလေးတွေက ဘဲဥတွေ တဲ့

'' ဒါ..ဒါ..ဘဲဥ..''

'' ဟုတ်တယ်လေ ''

'' အစ်မရယ်..အစ်မ ဥ လည်း..အစ်မ ပြန်ကြည့်ပါအုံး..''

'' အောင်မာ..ဘာ အစ်မဥလည်း..အဲ့ဒါ ငါ ဥတာ မဟုတ်ဘူး.. ဥတဲ့ ဘဲမကို သွားပြော..''

'' ဟာဗျာ..ဘဲက ဥတာ..အဲ့လောက်တော့ မသေးပါဘူးဗျာ..ကျတော့်ကို ဂျင်း မထည့်ပါနဲ့ ''

'' ဟဲ့..ဘာမှ ဂျင်းထည့်စရာ မလိုဘူး ။ မီတာခ တွေ တက်မှတော့..ဘဲလည်း ဒီလောက်ပဲ ဥ နိုင်မှာပေါ့ ''

'' ဘာဆိုင်လည်းဗျာ..ဘဲ ဥတာနဲ့ မီတာခ တက်တာနဲ့ ''

.

'' အို..မသိဘူးဟယ်..ငါ့ဆိုင်မှာတော့..ဒါပဲ ရှိတယ်။..ကြီးတာ စားချင်.. ကိုယ့်ဥသာ ကိုယ်ဖြုတ်စားတော့..''

'' ဗျာ...''

အမလေးး
အတော် ပျူငှါတဲ့ ထမင်းဆိုင်..
ကိုယ်ဟာကို ဖြုတ်စား တဲ့..

မှားပါတယ်ဗျာ..

😁😁😁😁😁

#လူချွန်တော်

Comments