"Master Chief ပြိုင်ပွဲဝင် ငအွပ်တ်"
"Master Chief ပြိုင်ပွဲဝင် ငအွပ်တ်"
Percenter သဇင်ရဲ့ခေါ်သံကြောင့် ငအွပ်တ်က သူ့ဟင်းခွက်ကို ဒိုင်ရှေ့က ခုံပေါ် ချပေးလိုက်တယ်။
"အပြင်အဆင်လေးက လှတယ်တယ်
အနံ့လေးလဲ သင်းနေတယ်
စားကြည့်မယ်နော်...."
ဒိုင်ဖြစ်သူ ဦးရှာကီက စားကြည့်တယ်။
"အွမ်း..ကောင်းတယ်ကွာ ဒါမှ မာစတာချိစ့် အစစ်ပဲ"
"သားက ငရုပ်စိမ်းဆော့ အစိမ်းရောင်ကို အဝါရောင် စပ်ထားတာပဲ
အရောင်လိုက်တယ် အသားပြားပေါ် နံနံပင် တစ်ပင်ထည့်ထားတာလေးက ပိုပြီး လိုက်ဖက်နေတယ်
သခွါသီး လှီးထားတဲ့ ပုံစံက ဆန်းတယ်
အသားတုံး စင်းထားတာ တစ်မူထူးခြားတယ် ဘယ်သူနဲ့မှ မတူဘူး စားရတဲ့လူ အဆင်ပြေစေတယ် မာစတာချိစ့်ဆိုတာ ဒါကိုခေါ်တာ
ဒိုင်ဖြစ်သူ ဒေါ်ဖြူဖြူတင်က မြည်းကြည့်ပြီး....
"အွန်း....အရသာ အစုံပါတယ်"
နိုင်ငံခြား ဒိုင်ကလဲ စားကြည့်ပြီး...(နာမည်မသိ)
"အိုးမိုင်ဂေါ့ ရှာနေတာ ဒါမျိုးပဲ တအားကြိုက်တယ် အကုန်စားပါရစေ"
ဒိုင်တွေ ကော်မန့်အပြီး ငအွပ်တ် ပြောစကား
"ကျတော်က အသားပြားကြော်ကို ငရုပ်သီးဆော့နဲ့ ချက်ရတဲ့ မစ်ရှင်ကျတယ် အအီပြေ သခွားသီးအစိမ်းနဲ့တွဲ ရတာပေါ့ ......
ညကဂိမ်းဆော့ရင်း အိပ်ရေးပျက်သွားလို့ မျက်နှာမသစ် သွားမတိုက်ပဲ ကမန်းကတန်းထပြီး ပြိုင်ပွဲရတာပါ အိပ်ရေးမဝဘူး....
အသားကြော်နေတဲ့အချိန်မှာ အချိန်မပုတ်အောင် ....
ငရုပ်သီးဆော့ကို လုပ်ရမှာသိပေမဲ့...
ထောင်းဖို့ ငရုပ်ဆုံကရှိပြီး ကျည်ပွေ့မယူလာမိဘူးလေ....
ဒါနဲ့ ငရုပ်သီးကို ဝါးလိုက်တယ်.....
ဝါးပြီးတော့ အရမ်းစပ်လို့ ပန်းကန်ထဲ ထွေးထုတ်လိုက်တယ်....
#သွားချီးတွေနဲ့ရောနေတဲ့ငရုပ်သီးဆော့....
အစပ်ပြေအောင် သခွားသီးကို ကိုက်ပြီးငုံတယ် ပြန်ထွေးတယ်
သခွားသီးကတစ်လုံးပဲ ယူခဲ့ရတာလေ မြိုချလို့ မဖြစ်ဘူးလေ
ပန်းကန်ထဲ သပ်သပ်ရပ်ရပ်ထွေးရတာပေါ့
#သွားရာတွေနဲ့လှနေတဲ့သခွားသီး....
အစပ်မပြေသေးတာနဲ့ အသားကြော်ကို ကောက်ဝါးပစ်တယ်..
အသားကြော်ထဲက အရည်တွေ စုပ်ပြီး ပြန်ထွေးလိုက်တယ်...
#ဝါးပြီးထွေးထားတဲ့အသားပြားမွမွကြော်...
ဒါနဲ့ပဲ အချိန်ပြည့်သွားတော့ လက်မြှောက်လိုက်တာ နံနံပင်က
ပန်းကန်ပေါ် ပြုတ်ကျသွားတယ်....
ဒိုင်တွေရဲ့ စားပွဲပေါ်ရောက်တော့ ကျတော့်ဟင်းက အံ့မခန်းကောင်းနေတာတော့ မတတ်နိုင်ဘူး
မာစတာချိစ်ကြီး ဒီထက်မက အောင်မြင်ပါစေလို့ပဲ ပြောချင်ပါတယ်"
Original by ###အွပ် တ်
Credit

Comments
Post a Comment