အခေါင်းနှစ်လုံးသာ စပ်ထားလိုက်​​တော့​"

.
ဆေးဆရာ ဦးဖိုးလုံးဆိုတာ
နှယ်နှယ်ရရ ဗိ​န္ဒောဆရာမဟုတ်ဘူး။

ကိုယ်တိုင်ဆေးဖော်စပ်ပြီး ကုသတဲ့​နေရာမှာ
နာမည်ကြီး ရွာသုံးဆရာတစ်​ဆူပေါ့...

တစ်​နေ့ ရွာတစ်​ရွာက ပန်းနာရင်ကျပ်ရောဂါကုဖို့
လာပင့်တာနဲ့ဆေးလွယ်အိတ်ကောက်လွယ်ပီး
လိုက်သွားတယ်​။

ရောဂါသယ် အဖွားအိုက အတော်ဖြစ်နေတဲ့ပုံစံပဲ၊
ဒါနဲ့ မနေ့ကမှ သူကိုယ်​တိုင်​စမ်းသပ်ဖော်စပ်ထားတဲ့
ဆေးတခွက်စာဖျော်ပီး အဖွားအိုကို တိုက်လိုက်တယ်။

အဖွားအိုခမျာ တခွက်ကုန်အောင် မသောက်နိုင်ရှာဘူး။
ဒါနဲ့ပဲ ဦးဖိုးလုံးကလည်း နှမြောတတ်သူဆိုတော့
ကျန်တဲ့ ဆေးတဝက်ကို သူကိုယ်​တိုင်
မော့သောက်ပလိုက်တယ်။

ခဏနေ အိမ်ရှင်တွေကိုနှုတ်ဆက်ပီးပြန်တယ်၊
ဆေးဆရာပြန်သွားပြီး သိပ်မကြာဘူး..
အဖွားအိုဟာ ပူတယ် ပူတယ်နဲ့ အော်ဟစ်ပြီး
အိမ်ကိုပတ်ပြေးနေလို့ လူနာရှင်တွေဟာ
ဆရာဦးဖိုးလုံးနောက် အပြေးလိုက်ကြရတော့တာပေါ့၊

တွေ့ပါလေပြီ ဆရာသမားကို
ရွာထိပ်ကရေကန်ကြီးထဲ ခေါင်းလေးပဲဖော်ပြီး
ရေစိမ်နေတာ...

လူနာရှင်​ထဲက တစ်​ယောက်က

"ဗျို့ ဆရာကြီး..အိမ်ခဏပြန်လိုက်ခဲ့ပါအုံး
လူနာမသက်သာဘူး လူးလှိမ့်နေတယ်.."

ဆရာဖိုးလုံး စကားပြန်​မပြောနိုင်ဘူး။
ရေထဲကနေ လက်နှစ်ချောင်း ​ထောင်ပြတယ်။

"ဗျာ ဘယ်​လို ဆရာ..
ဆေးနှစ်ခွက် ထပ်တိုက်ရမှာလား.."

အဲဒီ​တော့မှ ဦးဖိုးလုံး အသံထွက်​လာတယ်​။

"မဟုတ်ဘူး​ဟေ့
အခေါင်းနှစ်လုံးသာ စပ်ထားလိုက်​​တော့​"

"ငင် "

😁😁😁

ကို​လေး​ကျော်
Credit

Comments