"ငင့်!!! တေနာဂျီးးး"
ဦးနိုင်ကြီးတစ်ယောက် အလုပ်ကိစ္စရှိလို့
ရန်ကုန်ရောက်လာသည်။
စာရွက်ပိုင်းလေးမှာရေးထားတဲ့လိပ်စာအတိုင်း
စားသောက်ဆိုင်တဆိုင်ကို လိုက်ရှာပြီး
ဆိုင်အတွင်းသို့ဝင်သွားသည်။
အထဲရောက်တော့ မန်နေဂျာကိုသွားမေးတယ်
"ဒီဆိုင်မှာ အလုပ်လုပ်နေတဲ့ လုလုအောင်ဆိုတဲ့
ကောင်မလေး ရှိလားခင်ဗျာ "
သဘောကောင်းတဲ့မန်နေဂျာကလည်း
ချက်ခြင်းပဲခေါ်ပေးလိုက်တယ်။
ဦးနိုင်ကြီးလည်း လုလုအောင်ကို တွေ့တွေ့ချင်း
တော်ကီတွေလွှတ်တော့တာပေါ့..
"အိုး လုလုလေးရယ်..
တစ်ကယ်ကိုထင်မထားဘူးကွာ၊
မင်း ဒီလောက်လန်းနေလိမ့်မယ်လို့
ကိုယ်မထင်ထားဘူးလေ၊ ဒီည ဆိုင်ပိတ်ချိန်
ကိုယ်နဲ့အတူအပြင်လိုက်ခဲ့မလား
နောက်နေ့မနက် ကိုယ်ပြန်ပို့ပေးမယ်လေ၊
မင်းအတွက် မုန့်ဖိုးတစ်သိန်းနဲ့ အတူပေါ့ "
အဲဒါနဲ့...
လုလုလေးကလည်း ခပ်လည်လည်
ဆိုတော့ မငြင်းရှာဘူး ပါသွားတယ်။
နောက်တစ်ရက်ညနေမှာလည်း
အဲ့ဒီဆိုင်ကိုပဲ ဦးနိုင်ကြီးရောက်လာပြီး
လုလုလေးကို လာပင့်ပြန်တယ်။
လုလုလေးကလည်း မငြင်းရှာဘူး
ပါသွားပြန်တယ်။
သုံးရက်မြောက်ညရဲ့ လင်းအားကြီးအချိန်မှာတော့
ဟော်တယ်တခုရဲ မွေ့ယာပေါ်မှာ
နိုင်ကြီးရင်ခွင်ကိုတိုးဝှေ့ရင်း
လုလုလေးက ထက်မြက်တဲ့မိန်းမပျိုလေးပီပီ
စပ်စုတော့တာပေါ့
"ဦးနိုင်ကြီးက ပိုက်ဆံသုံးနိုင်တယ်နော်၊
ကျွန်မကိုညတိုင်း မုန့်ဖိုးတစ်သိန်းပေးနေတာ
သုံးရက်ရှိပြီ၊ ဦးနိုင်ကြီးက ဘယ်မှာနေတာလဲဟင်"
"ကိုယ်က မော်လမြိုင်ကပါကွာ..
ရန်ကုန်ကို ကိစ္စတခုရှိလို့လာတာပါ "
"ရှင် ! မော်လမြိုင်က ဟုတ်လား "
ကျွန်မအဒေါ်တစ်ယောက်လည်းအဲမှာရှိတယ် "
"အေ့လေ ဟုတ်တယ် ဦးနိုင်နဲ့ရင်းနှီးတယ်၊
ခုလည်း မင့်အဒေါ်ကပဲ ဦးနိုင်ကိုလွှတ်လိုက်တာ
မင်းကိုရှာပြီး မုန့်ဖိုးသုံးသိန်းပေးပေးပါ ဆိုလို့လေ၊
မင်းကိုလည်း သုံးသိန်းပေးပြီးပြီဆိုတော့
ဒီနေ့နေလည်ကားနဲ့မော်လမြိုင် ပြန်တော့မယ်"
"ငင့်!!! တေနာဂျီးးး"
😁😁😁
Thiha
Credit

Comments
Post a Comment